DVB Logo
Home
မြန်မာသတင်း
ကော့မှူးဘက်စုံသုံးဆိပ်ကမ်းတွင် စက်သုံးဆီ အဓိကတင်သွင်းသိုလှောင်မည်
DVB
·
June 16, 2018
ကော့မှူးဘက်စုံသုံးဆိပ်ကမ်းတွင် စက်သုံးဆီ အဓိကတင်သွင်းသိုလှောင်မည်
Donate to DVB

ကော့မှူးမြို့နယ်မှာ တည်ဆောက်မယ့် ဘက်စုံသုံးဆိပ်ကမ်းဟာ စက်သုံးဆီ အဓိကတင်သွင်း သိုလှောင်ဖို့ ဖြစ်ပြီး မကြာမီတည်ဆောက်မယ့် ဒလတံတားနဲ့လည်း ချိတ်ဆက်မှာ ဖြစ်ပါတယ်။

ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ တိုင်းလွှတ်တော်မှာ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။

“ဆိပ်ကမ်းတည်ဆောက်ရန် လျာထားအဆိုပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဓိက စက်သုံးဆီများ တင်သွင်းသိုလှောင်ရန် အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။ စက်သုံးဆီဆိုတဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယခု လက်ရှိအခြေအနေမှာ နှစ်စဉ် ဂါလန် သန်း ၇၀၀ သုံးစွဲနေရတာ၊ သိုလှောင်နိုင်စွမ်းက ဂါလန် သန်း ၅၀ ကျော်ပဲ ရှိပါတယ်။ ယခု ကျမတို့ အစီရင်ခံတင်ပြတဲ့ ဆိပ်ကမ်းရဲ့အဓိက ကတော့ စက်သုံးဆီများ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပင်လယ်ရေကြောင်း ထွက်ကုန်များရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရန်ကုန်ဆိပ်ကမ်း တခုတည်းကပဲ တင်သွင်းတာ၊ ပို့ဆောင်တာ ပြုလုပ်နေရတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာမှာ Multipurpose Terminal ဆိပ်ကမ်း တည်ဆောက်မှာဖြစ်ပြီး ဆိပ်ကမ်းရဲ့ အရှေ့ဘက်မှာ ရန်ကုန်မြစ်၊ အနောက်ဘက်မှာ ဧရာဝတီမြစ်ကနေ ဆက်စပ်လာတဲ့ တိုးမြစ်၊ မြောက်ဘက်မှာ ရန်ကုန်မြစ်နဲ့ လှိုင်မြစ်၊ တောင်ဘက်မှာ ပင်လယ်ကမ်းရိုးတန်း တည်ရှိပါတယ်။

ဆိပ်ကမ်းနဲ့ တပြိုင်တည်း ဆိုသလို ရန်ကုန်မြစ်ကိုဖြတ်ပြီး အရှေ့နဲ့အနောက် ဆက်သွယ်မယ့် တံတားကြီးများ ပေါ်ပေါက်လာဖို့ရှိပြီး မကြာခင် စတင်ဆောင်ရွက်တော့မယ့် ဒလ တံတားနဲ့လည်း လမ်းကြောင်း ချိတ်ဆက်ထားမယ်လို့ ဒေါ်နီလာကျော်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဆိပ်ကမ်းကို ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာနဲ့ ကွမ်းခြံကုန်းမြို့နယ် တော့ဂနူးကျေးရွာကြား မြေဧရိယာ ၁၀၅၃ ဧက မှာ တည်ဆောက်ဖို့ လျာထားပါတယ်။

စီမံကိန်း ပထမအဆင့်အနေနဲ့ မြေဧရိယာ ၅၀၀ ဧကကို စတင်အကောင်ထည်ဖော်ဖို့ လျာထားပြီး မြစ်ကမ်းနားအရှည် ၂.၂ ကီလိုမီတာကို အသုံးပြုတည်ဆောက်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013