DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ်နှင့် လူငယ်များကို အရက်ဆိုင်တွင် အလုပ်ခန့်လျှင် အရေးယူ
DVB
·
June 16, 2018
မိန်းကလေးငယ်နှင့် လူငယ်များကို အရက်ဆိုင်တွင် အလုပ်ခန့်လျှင် အရေးယူ
Donate to DVB

အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ လူငယ်တွေကို အရက်ဆိုင်တွေမှာ အလုပ်ခန့်ထားရင် အရေးယူနေတယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြောပါတယ်။

ဇွန် ၁၅ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောခဲ့တာ ဖြစ်ပါတယ်။

“အရက်ဆိုင်တွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်နဲ့ လူငယ်တွေကို အလုပ်ခန့်ထားပြီး သတ်မှတ်စည်းကမ်းနှင့်အညီ အရေးယူပေးရန် တင်ပြချက်နဲ့စပ်လျဉ်းပြီး အရက်ဆိုင်ပိုင်ရှင်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ယစ်မျိုးအက်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုခန့်ထားပေးခြင်းဖြစ်ပြီးတော့ ယစ်မျိုးနည်းဥပဒေ ၂၂ ပါ ပြဋ္ဌာန်းချက်များအရ အရက်ဆိုင်ဖွင့်လှစ်တဲ့ နေရာများကို ချမှတ်ထားတဲ့ စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေပြီးတော့ အသက် ၁၆ နှစ်အောက် လူငယ်များနှင့် အမျိုးသမီးများအား စေခိုင်းခြင်းမပြုရန် သတ်မှတ်ထားတဲ့အတွက် ယစ်မျိုးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော စည်းကမ်းမဲ့ အရက်ဆိုင်များနှင့် လိုင်စင်မရှိတဲ့ အရက်ဆိုင်များကို ယစ်မျိုးအက်ဥပဒေများနဲ့ အရေးယူဆောင်ရွက်လျှက်ရှိပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း တိုင်းအဆင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းပြီး ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးအမှုပေါင်း  ၇၇၃ မှု ရှိပြီး တရားခံပေါင်း ၁၁၈၈ ဦးကို တရားစွဲဆိုထားပါတယ်။

လောင်းကစားမှုအနေနဲ့ ချဲထီ ၁၃ မှု၊ ၂ လုံးထီ ၂၉၄ မှု၊ ဘောလုံးလောင်းကစား ၃၈ မှု၊ ဖဲလောင်းကစား ၈၉ မှု၊ အခြားလောင်းကစား ၅၁ မှု စုစုပေါင်း ၄၈၅ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါတယ်။

ဇွန် ၁၅ ရက် တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းများကို အရင်ကထက် ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013