DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ
DVB
·
June 16, 2018
ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ
Donate to DVB

ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား (World Blood Donor Day 2018 ) ကို ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို သွေးလှူရှင်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့တာ ဖြစ်ပြီး အကြိမ်အများဆုံး သွေးလှူရှင်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ချီးမြှင့်တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ သွေးလိုအပ်ချက်တွေကို အဓိကထုတ်ပေးနေတဲ့ အမျိုးသား သွေးလှူဘဏ်မှာ နေ့စဉ်သွေးလာရောက်လှူဒါန်းသူတွေ ရှိနေပေမဲ့လည်း သွေးလိုအပ်ချက် ကတော့ အမြဲရှိနေပါတယ်။

ဒါ့အပြင် သွေးလှူဒါန်းလိုတဲ့ သွေးလှူရှင်တွေ အဆင်ပြေစွာ သွေးလှူဒါန်းနို်င်ဖို့အတွက် အွန်လိုင်းကနေတဆင့် စာရင်းပေး သွေးလှူဒါန်းနိုင်ပြီးတော့ လှူဒါန်းထားတဲ့ သွေးအိတ်တွေကိုလည်း စနစ်တကျ သိုလှောင်သိမ်းဆည်းထားတာ ဖြစ်တယ်လို့ အမျိုးသား သွေးလှူဘဏ်က တာဝန်ရှိသူကပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတချို့ကလည်း သွေးလှူဒါန်းတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အမျိုးသားသွေးလှူဌာနမှာ လာရောက်လှူဒါန်းသူတွေထဲမှာ တဦးချင်း လှူဒါန်းသူတွေရှိသလို အဖွဲ့အစည်းနဲ့ လာရောက်လှူဒါန်းသူတွေလည်း ရှိပါတယ်။

အဖွဲ့အစည်းနဲ့ လာရောက်လှူဒါန်းသူ ၂၀၁၇ ခုနှစ်မှာ အဖွဲ့ ၄၀၀ အထိ လာရောက်လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013