DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ မြေပြိုမှုကြောင့် အိမ်ပျက်စီးမှုများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်
DVB
·
June 16, 2018
မိုးကုတ်မြို့  မြေပြိုမှုကြောင့် အိမ်ပျက်စီးမှုများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်
Donate to DVB

မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနဲ့ မြေပြိုမှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေအတွက် ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁၄ ရက်က မြေပြိုမှုတွေ အိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီပျက်စီးမှုအတွက် ဇွန် ၁၅ ရက် မနင်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီဌာနက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီဌာန ညွန်ကြားရေးမှူး ဦးအေးမင်းသူက “မိုးကုတ်မှာ မြေပြိုဘေးဖြစ်ပွားတာတွေ လေဘေးသင့်မှု ဖြစ်တာတွေကို ဒီကနေ့ သွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ရင်လည်း ထိခိုက်မှု၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် အသိပညာပေး နှိုးဆော်တာတွေ လုပ်နေပါတယ်။ သဘာဝဘေးဖြစ်ခဲ့ရင် ကူညီကယ်ဆယ်ပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်”  လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ မြေပြိုမှုကြောင့် အိမ်ခြေ ၆ လုံး၊ အိမ်ထောင်စု ၆ စုမှ လူ ၁၁ ဦး ဘေးဒုက္ခခံစားခဲ့ရပြီး လူ ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

အဲဒီ မြေပြိုဘေးသင့် ပျက်စီးအိမ်ခြေ ၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇၀၀၀၀၀ ကျပ်၊ လူ ၁၁ ဦးအတွက် ဆန်ရိက္ခာဖိုး ၂၃၁၀၀၊ သေဆုံး ၅ ဦးအတွက်  ၁၅၀၀၀၀၀ ကျပ်၊ ဒဏ်ရာရလူနာ ၄ ဦးအတွက် ၂၀၀၀၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ၂၄၂၃၁၀၀ နဲ့ ကျပ် ၁၆၈၅၇၃ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ  ၃ အိမ်ထောင်စုစာနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးပါ ၃ အိမ်ထောင်စုစာနဲ့ လေဘေးသင့် အိမ်ခြေ ၁၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၂၉၀၀၀၀ နဲ့ ကျပ် ၂၆၃၇၃၂ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးပါ  ၁၄ အိမ်ထောင်စုစာတို့ကို ဇွန် ၁၅ ရက်က သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနဲ့ ထိခိုက်မှုမရှိအောင် ကွင်းဆင်း အသိပညာပေး နှိုးဆော်မှုတွေ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ကျရောက်လာပါက သတင်းရတာနဲ့ ထောက်ပံ့ကူညီပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မန္တလေးလူကယ်ပြန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013