DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ရခိုင်အရေး ဆွေးနွေး
DVB
·
June 16, 2018
ဒေါ်အောင်ဆန်းစုကြည် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ရခိုင်အရေး ဆွေးနွေး
1 / 3
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့ နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့မွန်းလွဲပိုင်းက တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ ကာကွယ်ရေးဝန်ကြီး General Wei Fenghe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး Mr. Matt Pottinger နဲ့လည်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာတွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တီမောသမ္မတဟောင်း နိုဘယ်လ်ဆုရှင် ၀ါရင့်ဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဟိုဆေးရာမိုစ်ဟော်တာနဲ့လည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013