
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမဲ့ PSG အသင်းကို အကောင်းဆုံး ပြင်ဆင် နိုင်ဖို့ ပြင်သစ်လိဂ်က လန်းစ်နဲ့ ကစားရမဲ့ လိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးလိုက်ပါတယ်။
မူလက ဒီပွဲကို လီဗာပူးနဲ့ ကစားရမဲ့ နှစ်ကျော့ကြား ဧပြီ ၁၁ ရက်မှာ ကစားဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ အခုတော့ မေ ၁၃ ရက်ကို ပြောင်းလဲသတ်မှတ်လိုက်တာပါ။
ဒီဆုံးဖြတ်ချက်ဟာ ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ ရလဒ်ကောင်းဖိုနဲ့ UEFA အဆင့် သတ်မှတ်ချက်ကို ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ လိဂ်တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါပေမဲ့ PSG နဲ့ တမှတ်အကွာ ဒုတိယနေရာမှာ ရှိနေတဲ့ လန်းစ်အသင်းကတော့ ဒီရွှေ့ဆိုင်းမှုကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
ပြင်သစ်လိဂ်ဟာ အသင်းကြီးတချိုရဲ့ အလိုကျ လိုက်လုပ်ပေးနေရတယ်လို့ လန်းစ်ဘက်က ဝေဖန် ခဲ့ပေမဲ့ လိဂ်ရဲ့ဆုံးဖြတ်ချက်ကိုတော့ လက်ခံခဲ့ရပါတယ်။
ပြင်သစ်လိဂ်က အလားတူ ကွန်ဖရန့်လိဂ် ကစားရမဲ့ စထရာဘိုးအသင်းရဲ့ ပွဲစဉ်ကိုလည်း အချိန်ရွှေ့ဆိုင်းပေးခဲ့ပါတယ်။










