DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသသို့ အမျိုးသမီးအမတ်များအား စေလွှတ်ရန်တိုက်တွန်း
DVB
·
June 15, 2018
မောင်တောဒေသသို့ အမျိုးသမီးအမတ်များအား စေလွှတ်ရန်တိုက်တွန်း
Donate to DVB

အကြမ်းဖက်ပရိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသသို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို စေလွှတ်ပေးဖို့ ရခိုင်ပါတီ လွှတ်တော် အမတ် ဦးဦးလှစောက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြတိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်တဲ့ ကာကွယ်မှု ပြုလုပ်ပေးဖို့ ဇွန်လ ၁၅ ရက်က ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်း ဆွေးနွေးစဉ်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ် ပြဿနာအပေါ် နားလည်သိရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် နည်းပါးနေတဲ့ အတွက် အခုလို တိုက်တွန်းရတာဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့ အချက်တွေကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်စေဖို့အတွက်လည်း ဖြစ်တယ်လို့ ဦးဦးလှစောက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013