DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 15, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်း ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၅,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅,၄၀၀ ကျပ်  ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ အဟောင်း တအိတ်ကို ၄၅,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၃၀,၀၀၀ ကနေ ၁၄၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာ ကုန်စည်ဒိုင် တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်က တအိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၁,၀၀၀ ကျပ်ကနေ ၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၂,၄၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013