DVB Logo
Home
မြန်မာသတင်း
မိုးရွာသွန်းမှုတွေကြောင့် မကွေးတိုင်းတွင် သီးနှံ စိုက်ဧက ၆၀၀၀၀ကျော် ပျက်စီး
DVB
·
June 15, 2018
မိုးရွာသွန်းမှုတွေကြောင့် မကွေးတိုင်းတွင်  သီးနှံ စိုက်ဧက ၆၀၀၀၀ကျော် ပျက်စီး
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လ ၉ ရက်က ၁၄ ရက်ထိ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် သီးနှံစိုက်ဧက  ၆ဝဝဝဝ ကျော်လောက် ရေလွှမ်းမိုး ခံနေရတယ်လို့ သိရပါတယ်။

သဘာဝဘေးကြောင့်  တောင်သူတွေ နစ်နာ ဆုံးရှုံးသွားတဲ့ နေရာတွေအတွက် အစားထိုးသီးနှံ စိုက်ပျိုးနိုင်ဖို့စီစဉ်ထားတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းကပြောပါတယ်။

“ကျနော်တို့ မြေပဲစိုက်လို့ ရတဲ့နေရာဆိုရင် ဝါဆိုပဲ ၃ လပဲပေါ့။ မြေပဲ စိုက်မယ်။ နောက် ပဲဒီစိမ်း၊ဝါ၊အစေ့ထုတ်ပြောင်း သီးနှံ ၄ မျိုး အစားထိုးစိုက်ပျိုးမယ်။ မျိုးစေ့ ဖြန့်ဖြူး နိုင်ဖို့ရယ်၊ IRM ကထောက်ပံ့ထားတဲ့ ဓာတ်မြေသြဇာ ၂၄၀၀၀ ကျော်ကလည်း မြို့နယ်တွေ မှာ အဆင့်သင့်ရောက်နေပြီ။ အသုံးပြုခွင့်တင်ထားတယ်။ တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေ အမြန်ဆုံးရရှိအောင် စီစဉ်ဆောင်ရွက်နေတယ်။ ပျက်စီး ဆုံးရှုံးမှု အများဆုံးကတော့ နှမ်းဖြစ်ပြီး စပါးကတော့ ရေပြန်ကျရင် အခြေနေကောင်းနိုင်တယ်” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အတွင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် နွေနှမ်း၊မိုးနှမ်း၊ပဲဒီစိမ်းနဲ့ နွေစပါးစိုက်ပျိုး ဧကပေါင်း ၆၃၁၉၂ ဧက ရေလွှမ်းမိုး နစ်မြှုပ်နေတယ်လို့ စိုက်ပျိုးရေး ဦးစီးဌာန မှတ်တမ်းအရ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013