DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 14, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်း ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၆,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲစင်းငုံနီ အဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၆,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့  အဟောင်းက တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၅,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၆,၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၉,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၈,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၃,၇၅၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013