DVB Logo
Home
မြန်မာသတင်း
ရဲတံခွန်စီမံကိန်းကြောင့် ငါးဖမ်းလုပ်ငန်း ထိခိုက်နိုင်သဖြင့် ဒေသခံများ ကန့်ကွက်
DVB
·
June 14, 2018
ရဲတံခွန်စီမံကိန်းကြောင့် ငါးဖမ်းလုပ်ငန်း ထိခိုက်နိုင်သဖြင့် ဒေသခံများ ကန့်ကွက်
Donate to DVB

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာလုပ်ကိုင်မယ့် ရဲတံခွန်စီမံကိန်း ရေနံနဲ့သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေတူးဖော်လုပ်ငန်းကြောင့် ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်နိုင်တဲ့အတွက် ဒေသခံ လူထုက ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ လုပ်ကွက် M12 , M13, M14 နေရာတွေမှာ ရဲတံခွန်စီမံကိန်းအမည်နဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ တူးဖော်ဖို့ ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာ ကိစ္စရပ်တွေကို တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၁၂ ရက်က PC Myanmar ကုမ္ပဏီ တာဝန်ရှိသူတချို့ လာရောက် ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီလို လုပ်ကိုင်မယ့်နေရာမှာ ဒေသတွင်းငါးဖမ်း လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်လို့  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောပါတယ်။

အခုလို ကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး လူထုသဘောထား စစ်တမ်းတွေကို ကောက်ယူကာ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး စီမံကိန်း ဆက်လက်အကောင်ထည်ဖော်သွားမယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလုပ်ဆောင်မယ့် ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုရဲ့ဧရိယာအကျယ်ဝန်းဟာ စတုရန်း ကီလိုမီတာ သုံးသောင်းလောက်ရှိပါတယ်။

အဲဒီနေရာဟာ လက်ရှိ ဒေသ ငါးဖမ်းလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက် လုပ်ကိုင်နေတဲ့နေရာလည်းဖြစ်ပါတယ်။

ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေတာကို ၂၀၁၈ ခုနှစ် မုတ်သုံရာသီအကုန်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး ရေနံနဲ့ဓာတ်ငွေ့ ထွက်ရှိရင်တော့ စာချုပ်သက်တမ်းအရ နှစ် ၃၀ လုပ်ကိုင်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013