DVB Logo
Home
မြန်မာသတင်း
ဆွစ်ဇာလန်အစိုးရ အကူအညီဖြင့် သထုံတွင် ငါးလုပ်ငန်းသင်တန်းကျောင်း ဖွင့်မည်
DVB
·
June 14, 2018
ဆွစ်ဇာလန်အစိုးရ အကူအညီဖြင့် သထုံတွင် ငါးလုပ်ငန်းသင်တန်းကျောင်း ဖွင့်မည်
1 / 2
Donate to DVB

မွန်ပြည်နယ်ရဲ့ ရေလုပ်ငန်းတွေကနေ ဝင်ငွေပိုမိုရရှိဖို့နဲ့ ငါးလုပ်ငန်းတွေကို စနစ်တကျ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ဖို့ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ငါးလုပ်ငန်းသင်တန်းကျောင်း ဖွင့်လှစ်မယ်လို့ မွန်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ဆွစ်ဇာလန်အစိုးရက မွန်ပြည်နယ်အစိုးရကို အမေရိကန်ဒေါ်လာ ၁ သိန်းခွဲလောက် ထောက်ပံ့ပေးထားတယ်လို့ မွန်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“မွန်ပြည်နယ်၊ သထုံမြို့နယ်မှာဆိုရင် ငါးလုပ်ငန်းစခန်းပေါ့လေ။ တနည်းအားဖြင့် ငါးသားပေါက်လုပ်ငန်းပေါ့။ အဲဒီသင်တန်းကျောင်းအတွက် အရင်တုန်းက အချိတ်အဆက် ရှိခဲ့ပေမယ့်လည်း ဒီနှစ်မှ ဆွစ်ဇာလန်နိုင်ငံအစိုးရ (SDC) ရဲ့ ထောက်ပံ့ရေးအောက်မှာရှိတဲ့ NAG ဆိုတဲ့ အဖွဲ့အစည်းကနေ အဓိကအားဖြင့် မွန်ပြည်နယ်မှာ ငါးလုပ်ငန်းသင်တန်းကျောင်း ပိုမိုပြီးတော့ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် လာရောက်တက်ကြတဲ့ သင်တန်းသားတွေအတွက် အဆင်ပြေချောမွေ့အောင်နဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရှိပါတယ်။ အခု ပင်မအဆောက်အအုံလည်း ဆောက်လုပ်ပြီးစီးခဲ့ပါပြီ။ မကြာမီ ဖွင့်လှစ်တော့ မှာပါ။ ဖွင့်ပြီးတဲ့အခါ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ထားမယ်။ ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့ အဲဒီမှာ ငါးလုပ်ငန်း ကျွမ်းကျင်ဝန်ထမ်းတွေကိုလည်း ခန့်ထားမယ်။ ဒီစခန်းပြီးသွားရင် တော့ မွန်ပြည်နယ်ရဲ့ ငါးလုပ်ငန်းတွေကို ပိုမိုတိုးချဲ့ပြီးတော့ လုပ်ကိုင်နိုင်မယ်”လို့ ဝန်ကြီးက ပြောပါတယ်။

အဲဒီသင်တန်းကျောင်းမှာ ငါးမျိုးစိပ် သဘောသဘာဝတွေ၊ ငါးတွေမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေ၊ ရေအရည်အသွေး စမ်းသပ်တဲ့ PH ပါဝင်မှုတွေ၊ မြေဆီလွှာ စစ်ဆေး စမ်းသပ်မှုတွေကို လေ့လာသင်ကြားနိုင်မှာဖြစ်ပြီး ငါးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မွန်ပြည်နယ်က ငါးလုပ်ငန်းရှင်တွေအပြင် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက စိတ်ဝင်စားသူတွေပါ လေ့လာနိုင်တယ်လို့ သိရပါတယ်။

သထုံငါးလုပ်ငန်းသင်တန်းကျောင်းဟာ မွန်ပြည်နယ်မှာ တခုတည်းသော သင်တန်းကျောင်း ဖြစ်ပြီး ဘတ်ဂျက်နှစ်ကလည်း မြန်မာ့ရေလုပ်ငန်းကနေ ကန်ဒေါ်လာ ၇၁၁ သန်းလောက် နိုင်ငံခြားဝင်ငွေ စံချိန်တင်ရရှိခဲ့ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013