DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ကြည့်ရှုသူ သိန်းချီရှိခဲ့တဲ့ “ပြည်တော်သာ”ရော့ခ်သီချင်းသစ်(ရုပ်သံ)
DVB
·
June 14, 2018
တရက်အတွင်း ကြည့်ရှုသူ သိန်းချီရှိခဲ့တဲ့ “ပြည်တော်သာ”ရော့ခ်သီချင်းသစ်(ရုပ်သံ)
Donate to DVB

“ငါ့စိတ်တွေဟာ တွေနေပြီ… ဒီဘ၀… ခိုနားရာ ဧည့်သည်ဘ၀… အနေအစား… ရှင်သန်ရာ ချွေးစက်များနဲ့ ကမ္ဘာ… အမော… လိုအပ်တဲ့ ဇောကပ်လူတွေကြား… လက် ဖျားမှာ ငွေသီးမှ သတိတရ… ဂုဏ်တွေနဲ့ တံဆိပ်ကပ်တတ်တဲ့ လူတွေကြား…”

    ဒါကတော့ လတ်တလော အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ ပြည် တော်သာ အမည်ရတဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

ရော့ခ်ဂီတ ပရိသတ်တွေအတွက် ဒီသီချင်းကို Horus Entertainment Myanmar က ဇွန်လ ၁၃ ရက်နေ့က မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ “မြန်​မာတစ်ပြည်​လုံးမှာရှိ Rocker ​တွေ တပ်​လှန့်​နိုးမယ့် သီချင်းတစ်​ပုဒ်​ကို ကျနော်တို့ Horus Entertainment က​နေ Music Video အဖြစ်​ ဖန်​တီးခွင့်ရပြီး… ခင်​ဗျားတို့ ​သွေးသားထဲကိုမကြာခင်​ စိမ့်​ဝင်​​ရောက်​လာမဲ့ Rocker ကြီး စိုင်း​လေး (ဘကြီးစိုင်း) က မြန်​မာတစ်ပြည်​လုံးက Rocker တွေ အားလုံးကို လက်​​ဆောင်​အဖြစ်​ ဖြန့်​​ဝေ​ပေးချင်​တယ်​ နှစ်​သက်​ခံစား​စေချင်​တယ်​တဲ့ ဗျာ ...”လို့ ရေးထားပါတယ်။

တေးရေး အာရုံရေးစပ်ပြီး အဆိုတော် စိုင်းလေး သီဆိုထားတဲ့ ဒီသီချင်းကိုတော့ Cicada Band ရဲ့ တီးခတ်မှုနဲ့အတူ ဒါရိုက်တာ ကောင်းစည်သူက ပုံဖော်ရိုက်ကူးပေးထားခဲ့တာ ဖြစ်ပါတယ်။

“စေရာသွား… နေစရာ ရှားပါး… အခြေခံဘ၀… နင်းပြားထဲမှာ… ခွာသံကြား… ဒီ လူရဲ့ နှလုံးသား… အံကိုခဲ ခေါင်းငုံ့ခဲ့ရ… အရှင်သခင်က ကျွန်လို နေဖူးသလား… စာအံ ထဲ… ဟိုး… ပြည်တော်ဘ၀…”

အားမာန်ပါလှတဲ့ အဆိုတော် စိုင်းလေးရဲ့ သီဆိုသံ၊ သီဆိုဟန်နဲ့ ဒီသီချင်းဟာ တ ရက်အတွင်းမှာ ကြည့်ရှုနားဆင်သူ တသိန်းကျော်သွားခဲ့ပြီဖြစ်ကာ ပြန်လည်မျှဝေမှုတွေ လည်း များစွာရှိနေခဲ့ပါတယ်။

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အောက်မှာ ၀င်ရောက်ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013