DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မော်လမြိုင်တွင် ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပမည်
DVB
·
June 13, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မော်လမြိုင်တွင် ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပမည်
Donate to DVB

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်နယ် ဒေသခံလူထုရဲ့  ငြိမ်းချမ်းရေး စကားဝိုင်းကို မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ မနက်ဖြန် ဇွန်လ ၁၄ ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။

မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမမှာ ကျင်းပမယ့်  ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေသခံ ၈ ဦးတို့က ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ့်ဒေသခံတွေထဲမှာ ကျောင်းသားကျောင်းသူ၊ ကျောင်းဆရာ၊  လုပ်ငန်းရှင်တွေ၊ အန်ဂျီအိုဝန်ထမ်းနဲ့ အစိုးရ၀န်ထမ်းတွေ ပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့ပြီး အခု တကြိမ်ဟာ ၇ ကြိမ်မြောက် စကားဝိုင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်၊ ကျေးလက်နေ ပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးတွေနဲ့ နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တကြိမ်၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာ မှာ တကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တကြိမ်နဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ တကြိမ် ပြုလုပ်ခဲ့ဖူးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013