DVB Logo
Home
မြန်မာသတင်း
၁၀ တန်း အောင်ချက်နည်း၍ တိုင်းပြည်အနာဂတ် စိုးရိမ်စရာဖြစ်နေဟု ကာချုပ်ပြော
DVB
·
June 13, 2018
၁၀ တန်း အောင်ချက်နည်း၍ တိုင်းပြည်အနာဂတ် စိုးရိမ်စရာဖြစ်နေဟု ကာချုပ်ပြော
Donate to DVB

ဆယ်တန်းအောင်ချက် ရာခိုင်နှုန်း ၃၀ လောက်သာရှိပြီး  တက္ကသိုလ်တက်ရောက်တဲ့ ကျောင်းသား ရာခိုင်နှုန်းနည်းသွားတာဟာ  တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇွန်လ ၁၁ ရက်က ရန်ကုန် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အနီးရှိ အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ သင်ထောက်ကူပစ္စည်း ပေးအပ်တဲ့ အခမ်းအနားမှာ ပြောသွားတာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံမှာ မူလတန်းစအပ်နှံချိန်ကနေ ၄ တန်းပြီးဆုံးချိန်မှာ ကျောင်းနေအင်အား ၄၀ ရာခိုင်နှုန်းခန့်လျော့နည်းသွားပြီး ၁၀ တန်းရောက်ရှိချိန်မှာ ထပ်မံလျော့နည်းသွားကြောင်း၊ ဒီအထဲကမှ အောင်ချက်ရာခိုင်နှုန်း ၃၀လောက်သာရှိပြီး တက္ကသိုလ်တက်ရောက်ချိန်မှာ ရာခိုင်နှုန်းအားဖြင့် နည်းသွားလို့  တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိမိတို့အိမ်နီးနားချင်း နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေမှာ ကျောင်းနေ ရာခိုင်နှုန်းကောင်းမွန်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့်မားတာကို တွေ့ရတယ်၊ မြန်မာပြည်မှာတော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ ၅ နှစ် ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူပေါင်း ၃၂၈၂၁၅၂ ဦးရှိပြီး ၁၁၄၈၇၀၁ ဦးအောင်မြင်ကာ စာမေးပွဲကျရှုံးသူ ၂၁၃၃၄၅၁ ဦးထိ ကျရှုံးမှုများပြားခဲ့တာကြောင့် ကာယကံရှင် ကျောင်းသားတွေ၊ မိဘတွေနဲ့ နိုင်ငံတော်အတွက် ဆုံးရှုံး နစ်နာမှုများစွာ ဖြစ်ရတယ်လို့လည်းဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းတခုတည်းအတွက် ၅ နှစ်တာ ကျရှုံးမှုတွေကိုအခြေခံပြီး ကျောင်းသားတဦးရဲ့ စားသောက်စရိတ်အပါအ၀င် နေ့စဉ်ပျမ်းမျှကုန်ကျစရိတ် ၁၂၀၀ ကျပ်နဲ့ တွက်ပါက ကျောင်းတက်ရက် ၁၈၀ ရက် ၅ နှစ်တာ ကာလအတွက် ကျပ် ၅၇၆ ဘီလီယံကျော်ရှိပြီး တစ်နှစ်၊ ၃၆၅ ရက်အတွက်ဆိုပါက ကျပ် ၁၁၅၀ ဘီလီယံခန့် ကျောင်းသား မိဘတွေက သုံးစွဲကုန်ကျခဲ့တယ်လို့သိရပါတယ်။

ကျောင်းသားတိုင်း  အမှန်တကယ်စာတတ်မြောက်ဖို့နဲ့ နှစ်စဉ်အတန်းမှန်မှန်တက်ဖို့ အရေးကြီးကြောင်း၊ မူလတန်းမှ အလယ်တန်း၊ န၀မတန်းအထိ အောင်ချက် မြင့်မားပေမယ့် တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်များစွာ လျော့နည်းသွားတာ ဘာကြောင့်လဲဆိုတာ အဖြေရှာဖို့ လိုတယ်လို့လည်းပြောပါတယ်။

နှစ်စဉ်အတန်းမှန်မှန် အောင်မြင်သွားစေဖို့  ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးဖို့ လိုသလို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ပညာရေးကို လိုလိုလားလားနဲ့ သင်ယူကြဖို့ တပ်မတော်အကြီးအကဲက တိုက်တွန်းပြောသွားပါတယ်။

ဓာတ်ပုံ-တပ်မတော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013