DVB Logo
Home
မြန်မာသတင်း
ဝေဠုကျော်ဦးဆောင်ပြီး မုံရွာမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်
DVB
·
June 13, 2018
ဝေဠုကျော်ဦးဆောင်ပြီး မုံရွာမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာတောင်မှာ မင်းသားဝေဠုကျော် ဦးဆောင်တဲ့အဖွဲ့၊ မြို့နယ်သစ်တော၊ ထာဝရအရိပ် ကုသိုလ်ဖြစ်သစ်ပင်စိုက်ပျိုးရေးအဖွဲ့နဲ့ အစိမ်းရောင်အိပ်မက် မဟာမိတ်အဖွဲ့တို့က ဒေသခံတွေနဲ့ စုပေါင်းပြီး ဒီကနေ့ သစ်ပင်ပေါင်း ၂၆၀၀ ကျော်ကို စိုက်ပျိုးခဲ့ပါတယ်။

မုံရွာမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက "အဓိကကတော့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်ချစ်တတ်လာစေရေး၊ မြေဆီမြေလွှာ ထိနိးသိမ်းစေရေးတို့ကို ရည်ရွယ်ပြီးလုပ်တာပါ။ သစ်ပင်ပေါင်း ၂၀၀၀ ကျော် ပါဝင်ပါတယ်။ ဝါးပင်က အဓိကပါ။"လို့ ပြောပါတယ်။

စိုက်ပျိုးခဲ့တဲ့သစ်ပင်တွေထဲမှာ ဝါးပင်က ၂၁၀၀ ပါဝင်ပြီး တမာ၊ ခရေ၊ မန်ကျည်း စတဲ့အရိပ်ရပင်တွေက ၅၀၀ ကျော်ပါဝင်ကာ စုစုပေါင်း ၂၆၀၀ ကျော်ကို စိုက်ပျိုးခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြို့နယ်သစ်တောဦးစီးဌာနက ရပ်ကွက်တွေထဲလှည့်လည်ကာ အိမ်တိုင်ယာရောက် အခမဲ့ပျိုးပင်ဖြန့်ဝေခဲ့ပါသေးတယ်။

၂၀၁၈ ခုနှစ် မိုးရာသီမှာ စိုက်ပျိုးနိုင်ဖို့ မြို့နယ်သစ်တောဦးစီးဌာနအနေနဲ့ သစ်ပင်ပေါင်း ၇၅၄၅၈၀ ပင်ကို စိုက်ပျိုးထားပြီး မည်သူမဆို ပျိုးဥယျာဉ်မှာ အခမဲ့ လာရောက်ရယူနိုင်တယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဝေဠုကျော်ဦးဆောင်ပြီး မုံရွာမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်