DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ကားလမ်းတချို့ရေကျော်နေ
DVB
·
June 13, 2018
မကွေးတိုင်းအတွင်း ကားလမ်းတချို့ရေကျော်နေ
Donate to DVB

မိုးကြီးပြီး ရေလျှံနေတာကြောင့် မကွေးတိုင်းထဲက လမ်းတချို့ရေကျော်နေပြီး ပုသိမ် - မုံရွာလမ်းက တံတားတစင်းလည်း ပျက်စီးသွားတယ်လို့ မကွေးတိုင်း လမ်းဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မကွေးခရိုင်၊ မင်းဘူးခရိုင်နဲ့ သရက်ခရိုင်တွေထဲက လမ်းတွေမှာ ရေကျော်လို့ ဖြတ်မရတာတွေ ရှိသလို ရေကျော်ချိန်ကို စောင့်ပြီး ဖြတ်သန်းရတာလည်း ရှိနေတာပါ။

မကွေးတိုင်း လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းက “မနေ့ ညနေကတော့ ပုသိမ်- မုံရွာလမ်း၊ မိုင်တိုင် ၃၃၁၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားက တံတားတစင်းပါသွားပါတယ်။ အခုတော့ ပေ ၈၀ လောက်အထိ ပါသွားပြီ။ ပုသိမ်ကနေ ပဒါန်းလော်ကအထိတော့ လာလို့ရတာပေါ့။ အခုတော့ ဘာမှလုပ်လို့မရသေးဘူး။” လို့ ပြောပါတယ်။

မကွေးခရိုင်ထဲမှာ ပျော်ဘွယ် - ကန်ပြားလမ်းက ရေကျော်နေလို့ ဖြတ်သန်း သွားလို့မရပေမယ့် နေပြည်တော်- ကန်ပြား(မကွေး) လမ်း၊ တောင်တွင်းကြီး- နတ်မောက်လမ်းတွေကတော့  ရေကျော်တွေကို ခဏ စောင့်ပြီးသွားလို့ရတယ်လို့ ဆိုပါတယ်။

“မင်းဘူးခရိုင်ထဲမှာတော့ မင်းဘူး- အမ်းလမ်းမှာ လေးပင်ရေကျော်မှာ ရေကျရင်တော့ သွားလို့မရဘူး။ ပဒါန်း-ဆောလမ်းမှာလည်း မြေပြိုနေတာ တနေရာရှိတယ်” လို့ ဦးနိုင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် မင်းဘူး -တညောင်လမ်း၊ စလင်း-စေတုတ္တရာလမ်းတွေမှာလည်း ရေကျော်နေ တာကြောင့် သွားလာမရဘူးလို့ သိရပါတယ်။

သရက်ခရိုင်ထဲမှာတော့ သရက် -မင်းတုန်းလမ်း၊ သရက်-မင်းလှလမ်းနဲ့ စစ္စနိုး- ကန်တုတ်လမ်းတွေမှာ ရေကျမှ သွားနိုင်သလို သရက်-ကံမလမ်းမှာတော့ ရေနံ့သာ ဘေလီ တံတားဘောင်တွေ ပျက်စီးနေပါတယ်။

ပခုက္ကူနဲ့ ဂန့်ဂေါခရိုင်ထဲက လမ်းတွေအားလုံးကတော့ သွားလာလို့ရတယ်လို့  မကွေးတိုင်းလမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လမ်းရေကျော်နေရာတွေ၊ ပျက်စီးနိုင်တဲ့ နေရာတွေမှာ ဌာနက အင်ဂျင်နီယာတွေကို တာဝန်ချ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013