DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် မြေပြို၊  နေအိမ် ၇ လုံးနှင့် ဘုန်းကြီးကျောင်းနံရံများပျက်စီး
DVB
·
June 13, 2018
နမ့်ဆန်တွင် မြေပြို၊  နေအိမ် ၇ လုံးနှင့် ဘုန်းကြီးကျောင်းနံရံများပျက်စီး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင်းရှိ ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ မိုးတွေ ဆက်တိုက်ရွာသွန်းလို့ မြေပြိုပြီး လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း အဆောက်အဦတွေ ပျက်စီးသွားပါတယ်။

နမ့်ဆန်မှာ မနှစ်ကမီးလောင်ပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရာမှာ မြေသားတွေ ခိုင်မာမှုမရှိသေးခင် ခုတပတ်အတွင်း မိုးတွေဆက်တိုက်ရွာလာတာကြောင့် ဇွန်လ ၁၀ရက်က စပြီး မြေသားတွေ ပြိုကျတာလို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ မြေသားခိုင်ခံ့မှုမရှိတာကို ပြီးခဲ့တဲ့မေလလောက်က စပြီးသတိထားမိပါတယ်၊ နောက်ပြီး ကျနော်တို့မြို့ရဲ့ ပထ၀ီအနေအထားကလည်း တောင်စောင်းမှာတည်ထားတာ၊ အပေါ်မှာေ တာင်ကုန်း၊ အောက်မှာလျှိုဆိုတော့ကာ အပေါ်ကမြေတွေပြိုကျတာရှိသလို အောက်ကလျှော ကျတာလည်းရှိတယ်ခင်ဗျ၊”

ဇွန်လ၁၀ ရက်ကစပြီး နေ့တိုင်းလိုလို တစ်နေရာပြီးတနေရာ မြေပြိုနေရာမှာ မင်္ဂလာ ရပ်ကွက်ရုံးထိပ်က မြို့မဂိုဏ်းချုပ်ကျောင်း ခြံစည်းရိုးမြေထိန်းနံရံပြိုကျခဲ့ပြီး မင်္ဂလာရပ်၊ မြို့လည်ရပ်၊ နယ်မြေ  ၄ နဲ့ နမ့်ဝေါ်ရပ်ကွက်တွေမှာ နေအိမ် ၇ လုံးပြိုကျခဲ့ပါတယ်။

“တချို့ အိမ်က မြေထိန်းနံရံပြိုတယ်၊ တချို့က အိမ်နံရံ မခိုင်လို့ပြိုတယ်၊ တချို့က ခြံစည်းရိုး ၊ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ဒါပေမယ့် မိုးက အခုထိရွာနေတုန်းဆိုတော့ ဘယ်နေ့မှာ ကိုယ့်အိမ်ကမြေပြိုမလဲဆိုတာ တွေးပြီးကြောက်နေရတယ်။ တချို့က အိမ်မှာ မအိပ်ရဲတော့ဘူး။ တခြားမှာ သွားအိပ်တယ်။ အကုန်လုံးသတိနဲ့ နေနေရတယ်” လို့ ဦးသိန်းဇော်က ပြောပါတယ်။

ဒါ့အပြင် နမ့်ဆန်ကနေ အခြားမြို့ရွာတွေ ဆက်သွယ်သွားလာနိုင်တဲ့ နမ့်ဆန် - သီပေါလမ်း၊ နမ့်ဆန်- မန်တုံလမ်း၊ နမ့်ဆန် - မိုင်းငေါ့သွားလမ်းမှာရော ပန်ဆမိုင်း၊ လီလုတဲ့ ကျေးရွာချင်းဆက်လမ်းတွေလည်း မြေပြိုကျပြီး လမ်းပိတ်လို့ ဒေသခံတွေ ခရီးသွားလာရေး အခက်တွေ့နေကြပါတယ်။

ခုလိုမြေပြိုတာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရထံသို့ နေ့စဉ် အစီရင်ခံစာပေးပို့ အကြောင်းကြားထားသလို နမ့်ဆန်မြို့ပေါ်မှာရော ကျေးရွာတွေမှာပါ တအိမ်တယောက် လုပ်အားပေးထွက်ပြီး မြေသားရှင်းလင်းမြေဖို့တာတွေကို  တနိုင်တပိုင်ဝိုင်း လုပ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013