DVB Logo
Home
မြန်မာသတင်း
ဂေးအလှမယ် မျိုးကိုကိုစန်း အာဆီယံဂုဏ်ဆောင်ဆု ရရှိ
DVB
·
June 13, 2018
ဂေးအလှမယ် မျိုးကိုကိုစန်း အာဆီယံဂုဏ်ဆောင်ဆု ရရှိ
Donate to DVB

မြန်မာပြည်ကိုယ်စားပြု ဂေးအလှမယ် မျိုးကိုကိုစန်းဟာ ၂၀၁၈ ခုနှစ် ASEAN-LGBT Community Pride Award ဆုကို အွန်လိုင်းပေါ်မှာ မဲအများဆုံးနဲ့ ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်တယ်လို့ ASEAN Beauty Pageant (ABP) က ဒီကနေ့ ကြေညာပါတယ်။

ဒီဆုဟာ LGBT အသိုက်အဝန်းမှာ ဂုဏ်ယူဝံ့ကြွားနိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ရည်ရွယ်ပေးအပ် ချီးမြှင့်တာဖြစ်ပြီး မဲအများဆုံး ထိပ်ဆုံးအဆင့်ကိုတော့ မျိုးကိုကိုစန်းနဲ့အတူ ဗီယက်နမ်အလှမယ် ဟောင်ဂျီအန်ငုယင်က အပြိုင်တက်လာခဲ့ကြတာပါ။

ဗီယက်နမ်အလှမယ်ကတော့ မကြာသေးခင်ကမှ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ လိင်ပြောင်းအလှမယ်ပြိုင်ပွဲမှာ Miss International Queen 2018 အလှမယ်ဘွဲ့ ရရှိခဲ့တာ ဖြစ်ပြီး အဲဒီပြိုင်ပွဲတုန်းကတော့ မြန်မာနိုင်ငံက အလှမယ် ဂျူအန်နာပိုင်က သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

မျိုးကိုကိုစန်းကတော့ ၂၀၁၅ ခုနှစ် Miss International Queen Myanmar အလှမယ်ဖြစ်ပြီး ပြည်တွင်းမှာတော့ လူသိများ ထင်ရှားသူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ ခုရရှိတဲ့ ဆုအတွက်ကိုတော့ ASEAN Beauty Pageant (ABP) ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။

မျိုးကိုကိုစန်းဟာ ပြည်တွင်းမှာ လူသိများ ထင်ရှားသူတဦးဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပရိသတ် ၇ သိန်းနီးပါး ရှိနေသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းကတော့ သူဟာ ထိုင်းနိုင်ငံက ဆေးရုံတရုံမှာ မိန်းကလေးတဦးအဖြစ် လိင်အင်္ဂါခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

Photo : ASEAN Beauty Pageant

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013