DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ သန်း ၇၁၀ ကျော် စံချိန်တင်ရရှိ
DVB
·
June 13, 2018
မြန်မာ့ရေလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ သန်း ၇၁၀ ကျော် စံချိန်တင်ရရှိ
1 / 5
Donate to DVB

 

၂၀၁၇- ၂၀၁၈ ဘတ်ဂျက်နှစ်က မြန်မာ့ရေလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၇၁၁ သန်းရရှိခဲ့တယ်လို့ မွန်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီှးဌာနက သိရပါတယ်။

အရင်နှစ်တွေက မြန်မာ့ရေလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေကန်ဒေါ်လာ သန်း ၃၀၀ မှ သန်း ၅၀၀ ကြားသာ ရရှိခဲ့ပြီးအခုဘဏ္ဍာနှစ်မှာ ပိုမိုတိုးတက်ရရှိလာတာဖြစ်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာတော့  ရေလုပ်ငန်းကနေ လက်ရှိ ၀င်ငွေ ကန်ဒေါ်လာ သန်း ၇၀၀၀ နီးပါးရရှိနေပြီး ကန်ဒေါ်လာ သန်း ၃၀၀၀ က မွေးမြူရေး လုပ်ငန်းကနေ ရရှိနေတာကြောင့် မြန်မာပြည်မှာလည်း မွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့ လုပ်ကိုင်ဖို့ အစီအစဉ်ရှိတယ်လို့ မွန်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အဓိကကတော့ ရေငန်ငါးဖမ်းလုပ်ငန်းပေါ့နော်။ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးရမိတဲ့ ငွေကြေးပမာဏက အမေရိကန်ဒေါ် ၇၁၁ သန်းလောက်ရှိတဲ့ အတွက် ဟိုးအရင်နှစ်တွေထက်စာရင် တိုးတက်လာတယ်။ စံချိန်တင်ရရှိလာတဲ့ အနေအထား တွေ ဖြစ်လာပြီ။ ထိုင်းတို့၊ ဗီယက်နမ်တို့ကျတော့ သဘာဝရေမြေကနေ ဖမ်းလို့ရတဲ့ငါးတွေ မကဘူး။ သူတို့က ရေချိုရော၊ ရေငန်ရောမှာ ငါးတွေ၊ ပုစွန်တွေ မွေးမြူပြီးတော့ နိုင်ငံခြားကိုတင်ပို့နေတဲ့ အဆင့်ရောက်နေပြီ။ ကျနော်တို့မှာလည်း သဘာဝရေမြေက ဖမ်းလို့ရတဲ့ ငါးတွေအပြင် ကိုယ့်မှာ ကောင်းမွန်တဲ့ ရေမြေသယံဇာတတွေရှိတဲ့အတွက် မွေးမြူရေး လုပ်ငန်းကို ပိုမိုဖွံ့ဖြိုးဖို့အတွက် ပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေတယ်။”

လက်ရှိ မွန်ပြည်နယ်မှာ ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းတွေအပြင် ဂဏန်းမွေးမြူရေးကို စတင်အကောင်အထည်ဖော် စမ်းသပ်တဲ့အနေနဲ့ ချောင်းဆုံမြို့နယ်က ခရိုက်နီတု ကျေးရွာမှာ ဂဏန်းပျော့ မွေးမြူရေးလုပ်ငန်းကို မလေးရှားကုမ္ပဏီရဲ့ နည်းပညာနဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။

မွန်ပြည်နယ်မှာ ဂဏန်းပျော့ မွေးမြူဖို့အတွက် လက်ရှိမှာ မြေဧက ၂၀၀ လောက်ကို တရားဝင် ၀ယ်ယူ ရရှိထားပြီး သဘာဝအခြေခံတဲ့ ဂဏန်းလုပ်ငန်းကို ချဲ့ထွင်ဆောက်ရွက်မဖို့ရှိသလို ဧက ၃၀၀ ကို သဘာဝဒီရေတောတွေ တိုးချဲ့စိုက်ပျိုးဖို့ရှိတယ်လို့ လည်းသိရပါတယ်။

အဲ့ဒီမြေဧရိယာကို နှစ်ပေါင်း ၃၀ စာချုပ်ချုပ်ကာ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ စည်ပင်သာယာရေးဌာနကို ပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်ပြီး လုပ်ငန်းစတင်ချိန်မှာ ဒီဒေသတ၀ိုက် ဒေသခံပြည်သူ ၅၀လောက် အလုပ်အကိုင်ရရှိမှာဖြစ်ပြီး လုပ်ငန်း လည်ပတ်ပြီဆိုပါက လူပေါင်း ၅၀၀လောက်ထိ အလုပ်ရရှိမှာဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။

ယခု ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်မှာ မွေးမြူရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ပြီး မွေးမြူရေးအသိပညာပေးလုပ်ငန်းတွေ ပိုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမွန်ပြည်နယ်မှာ ရေလုပ်ငန်းကို ရေးမြို့နယ်နဲ့ ချောင်းဆုံမြို့နယ်တို့အပါအဝင် ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသတွေမှာ လုပ်ကိုင်နေပြီး ရေချိုမွေးမြူရေးလုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ ရှိနေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013