DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် တောဆင်ရိုင်းနင်း၍ အမျိုးသား ၁ ဦးသေဆုံး
DVB
·
June 13, 2018
တနင်္သာရီတိုင်းတွင် တောဆင်ရိုင်းနင်း၍ အမျိုးသား ၁ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့၊ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်လှိုင် (၄၄-နှစ်)ဟာ အစ်ကိုဖြစ်သူရဲ့ ဥယျာဉ်ခြံမှာ ဇွန်လ ၁၁ ရက် ညနေပိုင်းက ခြံစောင့်ကာ အိပ်ပျော်နေစဉ် တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ပါတယ်။

ကရသူရိမြို့ ချောင်းရှစ်ဖျာ ဆီအုန်းစခန်း အရှေ့ဘက် တောထဲရှိ ခြံစောင့် ဦးကျော်လှိုင် အိပ်နေတဲ့ ဝါးတဲကို တောဆင်ရိုင်းက ဝင်ရောက်ဖျက်ဆီးတဲ့အတွက် ဦးကျော်လှိုင်က ထွက်ပြေးရာမှာ တဲနဲ့ ၁၅ ပေလောက်အကွာ မြေပြင်ပေါ်မှာ တောဆင်ရိုင်း နင်းမိပြီး  ဆီးခုံမှာ ညိုမည်းဒဏ်ရာရရှိကာ အခင်းဖြစ်ပွားနေရာမှာ သေဆုံးခဲ့ပါတယ်။

တောဆင်ရိုင်း အနင်းခံရတာနဲ့ ပတ်သက်ပြီး ဦးကျော်လှိုင် သေဆုံးမှုကို နယ်မြေစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း -  Paloat၊ ဓာတ်ပုံ - ကရသူရိ (ပြန်/ဆက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013