DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် ရွှေဆိုင်အနုကြမ်းစီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကိုဖမ်းမိ
DVB
·
June 13, 2018
ကော့ကရိတ်တွင် ရွှေဆိုင်အနုကြမ်းစီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကိုဖမ်းမိ
Donate to DVB

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ရွှေဆိုင်အနုကြမ်းစီးကာ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ တဦးကို ၃၆နာရီအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇွန်လ ၁၀ရက်နေ့က ကော့ကရိတ်မြို့ရှိ ဖြူစင်သန့်ရွှေဆိုင်ကို အမျိုးသားတဦးက  ဝင်ရောက်အနုကြမ်းစီးပြီး ပိုင်ရှင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးဖို့  ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ ပြစ်မှုကျူးလွန်ခဲ့တဲ့  ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းကျေးရွာနေ အလား (ခ) ကျင်ဦး (ခ) ဆိပ်ဖူးကုန်း (ခ) အောင်ကျင်သိန်းကို ဖမ်းဆီးမိခဲ့ပြီး ဥပဒေအရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013