DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး တဖြည်းဖြည်း ဖွံ့ဖြိုးလာနေဟု ၀န်ကြီးဦးကျော်တင့်ဆွေ ပြောကြား
DVB
·
June 13, 2018
မြန်မာ့စီးပွားရေး တဖြည်းဖြည်း ဖွံ့ဖြိုးလာနေဟု ၀န်ကြီးဦးကျော်တင့်ဆွေ ပြောကြား
Donate to DVB

 

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး စီးပွားရေးဖွံ့ဖြိုးမှု ၂ဝ၁၈ ခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့  မျှော်မှန်းထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ဇွန်လ ၁၂ရက်က ကျင်းပတဲ့ (၂၄) ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာလို့  အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရအနေနဲ့  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေသလို အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့  အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ဆောင်နေကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ ရေရှည်တည်တံ့စေဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး  ဝန်ကြီး ဦးကျော်တင့်ဆွေက ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းကိစ္စနဲ့ အိမ်နီးချင်း တရုတ်၊အိန္ဒိယ၊ ထိုင်း၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို လည်းပြောကြားခဲ့ပါတယ်။

သီးခြား တွေ့ဆုံပွဲတွေမှာတော့  ဂျပန်-မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ကိစ္စတွေ၊ နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ စွမ်းအင်၊ အားကစား၊ ချေးငွေလုပ်ငန်းဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013