DVB Logo
Home
မြန်မာသတင်း
ကျောင်းဆရာ အခက်အခဲကြောင့် မြိုင်ကြီးငူ စစ်ရှောင်စခန်းကျောင်း မဖွင့်နိုင်သေး
DVB
·
June 13, 2018
ကျောင်းဆရာ အခက်အခဲကြောင့် မြိုင်ကြီးငူ စစ်ရှောင်စခန်းကျောင်း မဖွင့်နိုင်သေး
Donate to DVB

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကရင်ပြည်နယ် မဲသဝေါဒေသကနေ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်စစ်ရှောင်ဒုက္ခသည် ကလေးငယ်တွေအတွက် ဆရာ မရှိလို့ ကျောင်းမတက်ရသေးပါဘူး။

မြိုင်ကြီးငူဒေသမှာ မြပန်းဝတ်မှုံနဲ့ အေးလင်းမြရှင် စစ်ရှောင်ဒုက္ခသည်စခန်း ၂ ခုရှိပြီး အိမ်ထောင်စု ၁၀၁၇ စု၊ လူဦးရေ ၅၆၁၁ ဦး ခိုလှုံနေကြတာပါ။

အဲဒီထဲက သူငယ်တန်းကနေ ၃ တန်းအထိ ကျောင်းတက်ရမယ့် ကလေး ၅၀၀ လောက်ရှိ တယ်လို့  အေးလင်းမြရှင် စစ်ရှောင်ဒုက္ခသည်စခန်း တာဝန်ခံ ဦးထွန်းက ပြောပါတယ်။

“ကလေးတွေအတွက်ကတော့ လောလောဆယ် ပညာရေးနဲ့ပတ်သက်လာတော့ အခက်အခဲရှိတယ်။ အခုလောလောဆယ် မြပန်းဝတ်မှုံကျောင်းရယ်၊ အေးလင်းမြရှင် ကျောင်းရယ် အခုလောလောဆယ် ပိတ်ထားတယ်လေ။ ကလေးတွေကတော့ စာသင်ချင်တယ်လေ။ အစိုးရကတော့ ကျောင်းဆရာမ မပို့နိုင်ဘူးလေ။ အခု လောလောဆယ် ကျနော်တို့ အေးလင်းမြရှင်ကျောင်းမှာတော့ ကျောင်းသားဦးရေ ၄၀၀ နီးပါးရှိတယ်။ နောက်စခန်းတခုကတော့ ကလေးကတော့ မစုံသေးဘူး ပထမ စာရင်းသွင်းတာ ၈၀ နီးပါး ပါ။”

တချို့စစ်ရှောင်ကလေးငယ်တွေ မြိုင်ကြီးငူမှာရှိတဲ့ အစိုးရကျောင်းတွေကို ၀င်ရောက်ကြ ပေမယ့် သတ်မှတ်ကျောင်းသားဦးရေ ပြည့်နေပြီဖြစ်လို့ ၀င်မရတာတွေရှိတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်စခန်းတွေမှာ ကျောင်းဆရာမတွေ လာရောက်သင်ယူပေးဖို့ အပြင်က ဆရာ၊ ဆရာမတွေကို လိုက်လံရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလဆန်းပိုင်းက ကရင်ပြည်နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာတာ အချိန် ၂နှစ်လောက်ရှိပြီဖြစ်ပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ရွာသားတွေဟာ အခုချိန်ထိ အိမ်ပြန်ရဲကြသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013