DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်စေရေး ဈေးကွက်မြှင့်တင်ရန် ဒုသမ္မတတိုက်တွန်း
DVB
·
June 12, 2018
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်စေရေး ဈေးကွက်မြှင့်တင်ရန် ဒုသမ္မတတိုက်တွန်း
Donate to DVB

 

ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာဖို့အတွက် နိုင်ငံရဲ့ လည်ပတ်ချင်စရာ နေရာတွေကို ကမ္ဘာက သိအောင် ပိုမိုကြော်ငြာသင့်တယ်လို့ နိုင်ငံတော် ဒုတိယသမ္မတက တိုက်တွန်းပြောဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန့်ဖရင် ၂၀၁၈ အခမ်းအနားမှာ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အခုလို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံကိုကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုလာရောက်ရန်အတွက် နိုင်ငံအတွင်း လည်ပတ်ချင်စရာကောင်းတဲ့ ခရီးစဉ်ဒေသတစ်ခုဖြစ်တာကို ကမ္ဘာက ပိုမိုထဲထဲဝင်ဝင် သိရှိလာအောင် ဈေးကွက်မြှင့်တင်မှုအများအပြားပြုလုပ်ပြီး နိုင်ငံတကာကိုပိုမိုကြော်ငြာသွားရန် လိုအပ်ပါကြောင်း၊ ဟိုတယ်အခန်းခတွေနဲ့ သယ်ယူ ပို့ဆောင်ရေး ဈေးနှုန်းတွေဟာ နိုင်ငံတကာဈေးနှုန်းများထက် မပိုစေဘဲ လိုက်လျောညီထွေ ဖြစ်ရမှာဖြစ်ပြီး ဧည့်သည်တွေ ပေးရတဲ့တန်ကြေးနဲ့ မိမိဘက်က ပြန်ပေးသည့်ဝန်ဆောင်မှု အမှန်တကယ်ထိုက်တန်ရန် (Value for Money)အရေးကြီးကြောင်းပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ ၀င်ရောက်မှု လွယ်ကူစေဖို့အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေနဲ့ ရေဆိပ်တွေ၊ နယ်စပ်ဝင်ထွက်ပေါက်ဂိတ်တွေကိုတိုးချဲ့ ဖွင့်လှစ်ပြီးတော့ ဗီဇာစနစ်တွေ ပြင်ဆင်တာ၊ ဗီဇာကြေးလျော့ချတာ၊ ဗီဇာကင်းလွတ်ခွင့် ပေးတာတွေကိုလဲ ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် လတ်တလော ဥရောပနိုင်ငံသားတွေ ဝင်ရောက်မှုနည်းပေမယ့် အာဆီယံ+၃ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဧည့်သည်ဝင်ရောက်မှုပိုမိုတိုးတက်စေရန်အတွက် အဆိုပါ (၃)နိုင်ငံကိုဗီဇာစနစ်တွေ ဖြေလျှော့ဖို့ စီစဉ်ဆောင်ရွက်နေပြီလို့လည်း ဆိုပါတယ်။

ဟိုတယ်နဲ့ သယ်ယူပို့ ဆောင်ရေး ကဏ္ဍတွေ အပါအ၀င် ၀န်ဆောင်မှုတွေဟာ နိုင်ငံတကာထက်ဈေးကြီးနေတာတွေကြောင့် ခရီးသည်ဝင်ရောက်မှုကို အဟန့် အတား ဖြစ်စေနေတာကလည်းအဓိက အချက်တစ်ချက်အနေနဲ့ ပါဝင်နေတာပါ။

မြန်မာနိုင်ငံကို ခရီးသွား ၀င်ရောက်မှုမှာဆိုရင် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေက အများဆုံးဝင်ရောက်နေတာကို တွေ့ရပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံတွေလို အနောက်နိုင်ငံ တွေကလည်း လာရောက်လှည်ပတ်ကြပါတယ်။

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေက ခရီးသည်တွေ ၀င်ရောက်မှု တိုးတက်လာဖို့အတွက် လည်း ဗီဇာစနစ် ကင်းလွတ်ခွင့် ဆောင်ရွက်ပေးဖို့ အတွက် လုပ်ဆောင်နေတယ်လို့လဲ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

ဒီကနေ့ ကျင်းပနေတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန့်ဖရန့်မှာ  ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းဈေးကွက်မဟာဗျူဟာနဲ့ အခွန်ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013