DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 12, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဖျာပုံပေါ်ဆန်းမွှေး
ဝါးတန်းကုန်စည်ဒိုင်မှာ ဖျာပုံပေါ်ဆန်းမွှေးက တအိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြီးဒုံးဆန်
မြီးဒုံးဆန်ကတော့ တအိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက  တတန်ကို ငွေကျပ် ၄၉၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဘိုကိတ်ပဲ
ဘိုကိတ်ပဲကတော့ ဒီနေ့မှာ တပိဿာကို ၇၅၀ ကျပ်ကနေ ၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့မှာ တပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၁,၃၃၅ ကျပ်ကနေ ၁,၃၆၀ ကျပ် ပေါက်ဈေးရှိပါတယ်။

စာတော်ပဲလုံး
စားတော်ပဲလုံးကတော့ ဒီနေ့မှာ တပိဿာကို ၁,၀၅၀ ကျပ်ကနေ ၁,၁၃၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး
အာလူးကတော့ တပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၃၀၀ ကျပ်ကနေ ၆၇၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၅၅၀ ကျပ်ကနေ ၆၂၅ ကျပ်ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဈေးကျဆင်းနေပါတယ်။ မုန်တိုင်း မိုးရွာသွန်းပြီး ကြက်သွန် တင်ပို့မှုကလည်း နည်းနေကာ လက်ကျန်ပစ္စည်းတွေကိုသာ အရောင်းအဝယ် ပြုလုပ်နေခြင်းကြောင့် ဈေးက မတက်ဘဲ ဈေးငြိမ်ပြီး အတက်အကျ အနည်းငယ်ရှိနေတာလည်း ဖြစ်ပါတယ်။

နောက်သီးနှံတခုကတော့ ဘိုကိတ်ပဲ ဖြစ်ပါတယ်။ မတ်လကတည်းက စတင်ဈေးကျဆင်းခဲ့ပြီးတော့ အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က တတင်းကို ငွေကျပ် ၂ သောင်းကျော်အထိ ဈေးရခဲ့ပေမယ့် ပြည်တွင်း ဝယ်လိုအား လျော့ကျခြင်းကြောင့် ဒီနှစ်မှာ တတင်းကို ၁၅,၀၀၀ ကျပ်သာ ပေါက်ဈေးရှိပါတော့တယ်။

အာလူးကတော့ လက်ရှိမှာ ဈေးတက်နေပါတယ်။ မိုးအာလူးကို စတင်စိုက်ပျိုးနေပြီးတော့ လက်ကျန် အာလူးတွေကိုသာ ရောင်းချနေတဲ့အတွက် ဈေးက တက်နေခဲ့ပါတယ်။ အာလူးကတော့ ပြီးခဲ့တဲ့နှစ်ကလည်း တပိဿာကို ၂၅၀ ကျပ်ကနေ ၆၀၀ ကျပ်ဝန်းကျင်ရှိပြီး ဒီနှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးအပြောင်းအလဲ သိပ်မရှိပါဘူး။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013