DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်မည်
DVB
·
June 12, 2018
ကုလသမဂ္ဂအထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်မည်
Donate to DVB

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခရစ္စတင်း ရွှာနာ ဘာဂန်နာဟာ ဒီကနေ့  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာအာဏာပိုင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သံတမန်တွေနဲ့ တွေ့ဆုံပြီး  ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိ တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက် မှာဖြစ်ပါတယ်။

မစ္စခရစ္စတင်း ရွှာနာဘာဂမ်နာကို ဗီဂျေနီဘီယာနေရာမှာ ပြီးခဲ့တဲ့ ဧပြီလကမှ  မြန်မာ ကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်လိုက်တာဖြစ်ပြီး သူဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံ အမတ်ဟောင်းလည်းဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013