DVB Logo
Home
မြန်မာသတင်း
ဆယ်တန်းရမှတ် ၄၀၀ ကျော်သူများ နိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့် လျှောက်နိုင်
DVB
·
June 12, 2018
ဆယ်တန်းရမှတ် ၄၀၀ ကျော်သူများ နိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့် လျှောက်နိုင်
Donate to DVB

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသူ ကျောင်းသားတွေ ပထမနှစ်သင်တန်း လျှောက်လွှာကို တိုက်ရိုက် လျှောက်ထားနိုင်ပြီလို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

လျှောက်ထားလိုတဲ့ ကျောင်းသားတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရမှတ်စုစုပေါင်း ၄၀၀ နဲ့အထက်ရရှိပြီး အင်္ဂလိပ်စာဘာသာရပ်မှာ ရမှတ် ၆၅ မှတ်နဲ့ အထက်ရသူတွေ ဖြစ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျောင်းသားတွေဟာ တက်ရောက်လိုတဲ့ အဓိကဘာသာရပ် ၃ ခုထိ ဦးစားပေး အစီအစဉ်နဲ့ လျှောက်ထားနိုင်ပြီး ဝင်ခွင့်ရွေးချယ်ရာမှာတော့ လူတွေ့ နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမှာ ဖြစ်ကာ ကျောင်းသားတွေရဲ့ ရမှတ်နဲ့ ရွေးချယ်တဲ့ ဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ ဘာသာစကား အထုံဝါသနာပါမှုတွေအပေါ် မူတည်စစ်ဆေးသွားမယ်လို့ ဆိုပါ တယ်။

အခုစာသင်နှစ်မှာ တရုတ်ဘာသာ ၁၀၀ ဦး၊ အင်္ဂလိပ်ဘာသာ ၁၅၀ ဦး၊ ပြင်သစ်ဘာသာ ၁၀၀ ဦး၊ ဂျာမန်ဘာသာ ၁၀၀ ဦး၊ ဂျပန်ဘာသာ ၁၀၀ ဦး၊ ကိုရီးယားဘာသာ ၁၀၀ ဦး၊ ရုရှားဘာသာ ၁၀၀ ဦးနဲ့ ထိုင်းဘာသာ ၅၀ ဦးတို့ကို လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကိုတော့ လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့က စတင်ကာ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ထုတ်ယူနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံးထားကာ ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဝင်ခွင့် လူတွေ့ နှုတ်ဖြေစာမေးပွဲကိုတော့ လာမယ့် ဇူလိုင်လ ၂၅ ရက်မှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်းနံပါတ် ၀၁-၅၃၅ ၉၈၅၊ ဒုတိယ ပါမောက္ခချုပ်(သင်တန်း) ဖုန်းနံပါတ် ၀၁-၅၁၃၁၉၈ နဲ့ သင်တန်းရေးရာဌာန ဖုန်းနံပါတ် ၀၁-၅၁၅ ၂၃၆ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013