DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီ ၀င်ပြိုင်မည်
DVB
·
June 12, 2018
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီ ၀င်ပြိုင်မည်
Donate to DVB

 

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့ လာမယ့် နိုဝင်ဘာလကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်သလို ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဌာနချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်နေပြီလို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ ၀င် တဦးကပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်  လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း စိစစ်တဲ့အခါမှာတော့ အရင် ရွေးကောက်ပွဲတွေတုန်းက ရွေးချယ်ခဲ့သလိုမျိုးပဲ စိစစ်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှတော့ အန်အယ်လ်ဒီ ပါတီအနေနဲ့ တိုင်းဒေသကြီးအတွင်းက မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ အလားအလာရှိပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013