DVB Logo
Home
မြန်မာသတင်း
မိုးရေနှင့် တောင်ကျရေကြောင့် ပေါင်းတည်မြို့နယ်တွင် ရေလွှမ်းနေ
DVB
·
June 12, 2018
မိုးရေနှင့် တောင်ကျရေကြောင့် ပေါင်းတည်မြို့နယ်တွင် ရေလွှမ်းနေ
1 / 6
Donate to DVB

အခုရက်ပိုင်းတွေမှာ ဆက်တိုက်ရွာနေတဲ့ မိုးရေနဲ့  တောင်ကျရေတွေကြောင့် ပဲခူးတိုင်း ပေါင်းတည် တမြို့နယ်လုံး ရေလွှမ်းနေပြီး ရန်ကုန်-ပြည် ကားလမ်းမှာပါ ကားလေးတွေ ဖြတ်သန်းသွားလာဖို့ ခက်ခဲနေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်က စတင်ရွာသွန်းခဲ့တဲ့ မိုးရေနဲ့ တောင်ကျရေကြောင့် ဇွန်လ ၁၂ ရက် ဒီကနေ့မှာတော့ ပေါင်းတည် တမြို့နယ်လုံးနီးပါး ရေနစ်မြုပ်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့မှ ကိုချစ်ကိုကိုက “မနေ့က ညနေလောက်ကစပြီး မိုးကလည်း ဆက်တိုက်ရွာနေပြီး ဝဲကြီးဆည်ကလည်း ရေပိုလွဲက ရေလွှတ်တယ် ထင်တယ်။ ဒါကြောင့် ဒီနေ့ မနက်ပိုင်းလောက်မှာ ပြည်-ရန်ကုန်လမ်းကို ရေလွှမ်းနေပြီ။ လောလောဆယ် ရေကမကျဘဲ ဆက်တိုးနေတယ်။ အခု ကားလေးတွေ မဖြတ်ရဲတော့ဘူး။ မြို့ထဲက ရပ်ကွက်တွေထဲလည်း အကုန်မြုပ်နေပြီ။ အခု ကျနော်တို့အဖွဲ့က ထမင်းထုပ်ဝေဖို့ ဆောင်ရွက်နေပြီ”လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ်ထဲမှာ နွားသတ်ချောင်း၊ ဝက်ပုတ်ချောင်းနဲ့ကပ်နေတဲ့ နတ္တလင်းမြို့နယ်ထဲမှာ ဖိုးသာအောင်ချောင်းရှိပြီး အဲဒီချောင်းမှာလည်း ရိုးပေါ်က ဆင်းလာတဲ့ တောင်ကျရေတွေ၊ မိုးရေတွေနဲ့ လျှံထွက်ပြီး အနီးပတ်ဝန်းကျင်က လယ်ဧကပေါင်းများစွာနဲ့ ကျေးရွာတွေလည်း ရေနစ်မြုပ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုထွန်းထွန်းဦးက ပြောပါတယ်။

“အခုရေက မိုးရေနဲ့ တောင်ကျချောင်းရေတွေဖြစ်ပြီး မနက်ကပဲ ဝဲကြီးဆည်ကို ကျနော်တို့အဖွဲ့လိုက် သွားကြည့်ပြီးပြီ။ ရေပိုလွှဲကိုရောက်ဖို့ နောင် ၁ ပေလောက်လိုသေးတယ်။ ဆည်က ရေမလွှတ်သေးဘူး။ မိုးရေချိန်အားကောင်းလို့ ခုလို ဖြစ်နေတာ။ မြောင်းတွေ ရေစီးရေလာ မကောင်းတာလည်း ပါတယ်။ ရေကတော့ ဆက်တိုးနေသေးတယ်။ မြို့ပေါ်ရပ်ကွက် ၁၂ ခုလုံးနဲ့ ကျေးရွာ ၂၀၀ လောက် ရေမြုပ်နေပြီး လယ်တွေကတော့ ဧက ထောင်ချီလောက်တယ်။ စာရင်းကောက်နေဆဲမို့ အတိအကျတော့ မရသေးဘူး။”

ပြည်-ရန်ကုန် လမ်းပေါ်က အထက်တန်းကျောင်း အုတ်နံရံကြီးက ရေအားနဲ့ တချို့တဝက် ပြိုလဲသွားပြီး မြို့ပေါ်နဲ့ ရပ်ကွက်တွေထဲက စာသင်ကျောင်းတွေ မပိတ်ပေမယ့် ကျောင်းသားတွေ မလာလို့  ယာယီပိတ်ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013