DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ကိုင်တွယ်ပုံမှားရင် တပ်မတော်နှင့် ထိပ်တိုက်တွေ့နိုင်ဟု ကြံ့ခိုင်ရေးအမတ်သတိပေး
DVB
·
June 12, 2018
ရခိုင်အရေး ကိုင်တွယ်ပုံမှားရင် တပ်မတော်နှင့် ထိပ်တိုက်တွေ့နိုင်ဟု ကြံ့ခိုင်ရေးအမတ်သတိပေး
Donate to DVB

 

အန်အယ်လ်ဒီ အစိုးရအနေနဲ့ ရခိုင်အရေးကိစ္စအပေါ် ကိုင်တွယ်ပုံမှားယွင်းခဲ့ရင် တပ်မတော်နဲ့ ထိပ် တိုက်တွေ့နိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က  သတိပေး ပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကို စစ်ဆေးနိုင်ဖို့အတွက် နိုင်ငံတကာ ပုဂ္ဂိုလ်တစ်ဦးအပါအဝင် အဖွဲ့ဝင် ၃ ဦးနဲ့ လွတ်လပ်တဲ့ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က သဘောမတူလို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူများတဲ့အတွက် အစိုးရရဲ့ ထုတ်ပြန်ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ဖို့ ပြည်သူ့လွှတ်တော်မှာ မနေ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်အရ ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာပုဂ္ဂိုလ် တစ်ဦးပါဝင်တဲ့ ကော်မရှင်အဖွဲ့က ဦးဆောင်စစ်ဆေးသွားဖို့ရှိနေပြီး ဒီစစ်ဆေးမှုကို တပ်မတော်အနေနဲ့ လက်ခံခြင်းရှိမရှိကိုတော့ ပြောဖို့ခက်ခဲတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်းမညီဘူး၊ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိလာမယ်ဆိုရင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ တို့တာဝန်အရေး (၃) ပါးကိုရော ကွာကွယ်ရမယ့် အဖွဲ့ဖြစ်တဲ့အတွက် ထိပ်တိုက်တွေ့မှာပဲ”

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို စစ်ဆေးဖို့အတွက် နိုင်ငံသားမဟုတ်သူကို စစ်ဆေးခိုင်းတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်စွာအုပ်ချုပ်ခွင့်ရှိတဲ့ နိုင်ငံဆိုတဲ့ အချက်နဲ့ ကွဲလွဲနေတယ်လို့ လည်း ကိုယ်စားလှယ်အချို့က ထောက်ပြဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာပုဂ္ဂိုလ်တဦးပါဝင်တဲ့အဖွဲ့ ဖွဲ့စည်း စစ်ဆေးခွင့်ပြုမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချိုက “နိုင်ငံကို အစိုးရက အုပ်ချုပ်နေတာလား၊ နိုင်ငံတကာက အုပ်ချုပ်နေတာလား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအဖွဲ့က ဖွဲ့စည်းပေးမယ့် နိုင်ငံတကာပုဂ္ဂိုလ်တစ်ဦးအပါအဝင် အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်စဉ်အပြီး နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုသာ စစ်ဆေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒီအချက်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်အချို့က လက်ခံနိုင်ခြင်းမရှိဘဲ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်စဉ်ကနေ စစ်ဆေးဖို့ လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ ကြပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစိုးရကရော တပ်မတော်ကပါ ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ ကော်မရှင်ပေါင်း ၅ ခုရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013