DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် မကွေးတိုင်းတွင် လမ်းနှင့် နေအိမ် ပြိုပျက်မှု အများဆုံးဖြစ်ပွား
DVB
·
June 12, 2018
ရေကြီးမှုကြောင့် မကွေးတိုင်းတွင် လမ်းနှင့် နေအိမ် ပြိုပျက်မှု အများဆုံးဖြစ်ပွား
Donate to DVB

အခုရက်ပိုင်းအတွင်း မိုးသည်းထန် ရေကြီးရေလျှံမှုတွေကြောင့်  မကွေးတိုင်းအတွင်း လမ်းပိုင်း ပြတ်တောက်တာနဲ့ နေအိမ်တွေ ပြိုကျတာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ လူကယ်ပြန်ဌာနက  သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက်က မင်းဘူးမြို့နယ် လေးပင်ကျေးရွာ၊ လေးပင်ချောင်းရေကျော်မှာ ညပိုင်းအချိန် ကားများဖြတ်ကူးရာ ကားတစင်းမျောပါခဲ့သလို ဇွန် ၁၁ ရက်က စေတုတ္တရာမြို့နယ် ကူတော်ကျေးရွာနဲ့ ထမင်းချက်ကျေးရွာကြား မိုင်တိုင် အမှတ် (၂၈/၆) အနီးရှိ ရေပြွန်ပျက်စီးမှုကြောင့် ကတ္တရာလမ်း အကျယ် ၅၀ ပေခန့် ပျက်စီးပြီး အနက် ၁၀ ပေခန့်ရှိ လမ်းပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖူးကျေးရွာ၊ ရေရှောင်လူသွားလမ်း ပျက်စီးသွားပြီး  စေတုတ္တရာ- ဆောခရိုင်ချင်းဆက် လမ်းပိုင်းနန်ကြူကျေးရွာအုပ်စု၊ ညောင်ပင်ကျင်းကျေးရွာနဲ့ ရှိန်ကျေးရွာ အနီးမြေပြိုကျမှုကြောင့် မိုင်တိုင် အမှတ် (၃၅/၁)နှင့် (၃၅/၂)အကြား ၁၀၀ ပေခန့် လမ်းပိတ်ဆို့ခဲ့တယ်လို့ လူကယ်ပြန်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စေတုတ္တရာမြို့အ၀င် ဆီမီးချောင်းတံတားချဉ်းကပ်လမ်း ရေတိုက်စားခဲ့ပြီး လောက်ပုလဲကျေးရွာ အရှေ့ဘက် ဇီးချောင်းရေကာဆည် ၁၈၀ ပေခန့်၊ World Vision က ဆောင်ရွက်တဲ့ ရေကာဆည် ၁၈၀ ပေခန့်၊ ကမ္ဘာ့ဘဏ်က ဆောင်ရွက်တဲ့ ရေကာဆည် ၄၅၀ ပေခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။

ငဖဲမြို့နယ်၊ ဘုံဘောကျေးရွာအုပ်စု ကားလမ်းဘေးနဲ့ မြေခတ်ရွာ လမ်းပြိုမှု ဖြစ်ပွားပြီး လူသွားမရလို့ ခေတ္တလမ်း ပိတ်ထားခဲ့ရသလို ပင်ဦးကျေးရွာ အုပ်စု၊ လေးအိမ်စုကျေးရွာ၊ ပဇီချောင်းရေကာတာပြိုကျ ပျက်စီးပြီး ပန်းတိမ် ချောင်းရေမြင့်တက်ပြီး  မြစ်ဖျားကျေးရွာ အုပ်စု၊ မြစ်ဖျားကျေးရွာ၊ မန်းချောင်းကူးတံတား မျောပါပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

တခါ  မကွေး-နေပြည်တော် ကားလမ်း၊ မိုင်တိုင်အမှတ် (၆၇/၂)မှာ ရေကျော်ခဲ့တာကြောင့် ရန်ကုန်ကနေ မကွေးကို ထွက်ခွာတဲ့ ခရီးသည်တင်ကားနဲ့ ကိုယ်ပိုင်ကား ၁၀၀ လောက် ပိတ်မိနေတယ်လို့လည်း လူကယ်ပြန်သတင်းမှာ ဖော်ပြပါတယ်။

အလားတူ တောင်တွင်းကြီးမြို့နယ်၊ လျှံကန်ကြီးကုန်းကျေးရွာအုပ်စု၊ လှည်းပွဲကြီး ကျေးရွာ အနောက်အိုင်ရိုးတဘက်ပိတ်ဆည် ရေထုတ်မြောင်းပေ ၁၈၀ ခန့် ပျက်စီးတာ၊ ပွင့်ဖြူမြို့နယ်၊ အင်ကုန်းကျေးရွာမှာ မုန်းကမ်းပါး ပြိုကျလို့  အိမ်ခြေ ၆ လုံး၊ အိမ်ထောင်စု ၆ စုက လူဦးရေ ၃၄ ဦးပြောင်းရွှေ့ပေးခဲ့ရတာ၊ ရေနံ ချောင်းမြို့နယ်၊ ဆုံတိုက် ရပ်ကွက်မှာ ကုက္ကိုပင် လဲကျလို့ နေအိမ် ၁ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မွှားအုပ်စု၊ ပဒဲကြောကျေးရွာအနီး အမ်း-မအီ ကားလမ်း မိုင်တိုင်အမှတ် (၂၂/၅-၆)မိုင်ကြား နေရာမှာ မိုးသည်းထန်စွာရွာ သွန်းပြီးတောင်ကျရေ စီးဆင်းလို့ ကားလမ်းဘေး ရေတိုက်စားတဲ့အတွက် ကားလမ်းပေ ၂၀ ခန့် ကျိုးပဲ့ပျက်စီး သွားပါတယ်။

အဲ့ဒီနေရာမှာ လမ်းအထူးအဖွဲ့ ၁၆ က ယာယီ ဘေလီတံတား ဆောက်လုပ်နိုင်ဖို့ ဆောင်ရွက်နေပြီး ယာယီဘေလီတံတား ဆောက်လုပ်ဖို့ ၂ ရက်ခန့်ကြာမြင့်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်လို့ နေ့စဉ်မိုးလေ၀သသတင်းတွေနဲ့ မြစ်ရေကြီးမှုသတင်းတွေကို မပြတ်လေ့လာသုံးသပ်ကာ အထွေထွေအုပ်ချုပ်ရေးဌာနတွေ၊ ဆည်မြောင်းဌာနတို့နဲ့ ချိတ်ဆက် သတင်းရယူဆောင်ရွက်တာနဲ့ ထောက်ပံ့ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013