DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမူးမြို့ပေါ်ရပ်ကွက်များရေကြီး
DVB
·
June 12, 2018
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမူးမြို့ပေါ်ရပ်ကွက်များရေကြီး
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီး နစ်မြုပ်နေပါတယ်။

ရေကြီးရေလျှံနေတဲ့ မြို့ပေါ် ရပ်ကွက်အချို့က ပြည်သူတွေကတော့ သီးခြား ကယ်ဆယ်ရေးစခန်း ဖွင့်မထားဘဲ နီးစပ်ရာ ဆွေမျိုးတွေအိမ်ကို ရွှေ့ပြောင်းနေကြရပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ကိုချမ်းမြေ့က “အခုလို နေရာတော်တော်များများ ရေကြီးရေလျှံမှုမျိုး အရင်နှစ်တွေက မဖြစ်ခဲ့ဖူးပါဘူး။ အရင်နှစ်က ရပ်ကွက် နှစ်ခုလောက်မှာသာ ဖြစ်ခဲ့တာကြောင့် ရေနုတ်မြောင်းကို တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ပညာရှင်တွေ ရေးဆွဲတဲ့ ပုံစံတွေအတိုင်း ရေလွှဲမြောင်းတွေ ဖောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့  ခါတိုင်းနှစ်တွေမှာ ရေမဝင်ခဲ့တဲ့ ရပ်ကွက်တွေပါ ရေဝင်နှစ်မြုပ်လာပါတယ်။ ပြီးခဲ့နှစ်ကထက် အခြေအနေ ပိုဆိုးဝါးနေပါတယ်” လို့ ပြောပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ နေရာတွေက ပြည်သူတွေရဲ့ ကူညီကယ်ဆယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီဆောင်ရွက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

ဒီအတိုင်း မိုးဆက်ရွာပြီး ရေကြီးရေလျှံနေမယ်ဆိုရင် ကုန်ဈေးနှုန်းတွေလည်း တက်လာမှာ စိုးရိမ်ပြီး ဆန်ဈေးလဲအခု စတက်နေတယ်လို့  မြို့ခံတချို့က ပြောပါတယ်။

လက်ရှိအခြေအနေကတော့ တမူးမြို့ပေါ်က ရပ်ကွက်တိုင်းလိုလို ရေနစ်မြုပ်နေလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ပြီး ကျန်းမာရေးနဲ့ နေထိုင် စားသောက်ရေးတွေကို အကူအညီပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013