DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပညာရေးအသုံးစရိတ် ကျပ်သန်း ၁ဝ၅၃၆၃ ခန့် သုံးစွဲ
DVB
·
June 11, 2018
ရခိုင်ပြည်နယ် ပညာရေးအသုံးစရိတ် ကျပ်သန်း ၁ဝ၅၃၆၃ ခန့် သုံးစွဲ
Donate to DVB

 

ရခိုင်ပြည်နယ်ရဲ့ ပညာရေးကဏ္ဍအတွက် ဆောက်လုပ်ရေး ငွေလုံးငွေရင်း အသုံးစရိတ်ဟာ ပြည်နယ်တွေထဲမှာ အများဆုံး ဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ထုတ်ပြန်တဲ့  ပြည်သူသို့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာ  ရခိုင်ပြည်နယ် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးစရိတ် စုစုပေါင်း ၁ဝ၅၃၆၂ ဒသမ ၉၆၃ သန်း ရင်းနှီးမြှုပ်နှံသုံးစွဲခဲ့ပြီး ပညာရေး ဝန်ကြီးဌာနရဲ့  ၂ဝ၁၇-၁၈ ဘဏ္ဍာ နှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ဆောက်လုပ်ရေး ငွေလုံးငွေရင်း အသုံးစရိတ်တွေမှာ ရခိုင်ပြည်နယ် ပညာရေးကဏ္ဍ အသုံး စရိတ်ဟာ ပညာရေးဝန်ကြီးဌာန အသုံးစရိတ် စုစုပေါင်းရဲ့ ရှစ်ရာခိုင်နှုန်းရှိပြီး ပြည်နယ်တွေထဲမှာ အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရတဲ့ကျောင်း ၄၂၄ ကျောင်းအနက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှာ ၃၄ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး  ကလေးတွေ ပညာသင်နိုင်တဲ့ ကျောင်းစုစုပေါင်း ၃၂၄ ကျောင်းရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့  နွေရာသီကျောင်းပိတ်ရက်ကာလမှာ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူး ရုံးအောက်ရှိ နီးစပ်ရာနယ်မြေရုံး၊ နယ်မြေရဲစခန်းနဲ့  ရဲကင်းစခန်းဝင်းတို့မှာ သီးခြားအဆောင်တွေ ပေးကာ နေထိုင်ရေး အဆင်ပြေလုံခြုံမှုရှိအောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်တောခရိုင်အတွင်း စာပေသင်ကြားမှု မြှင့်တင်နိုင်ဖို့ ဘင်္ဂါလီ စကား တတ်ကျွမ်းတဲ့ ဆရာ ဆရာမ ၁ဝဝ ခန့်ကို အမြဲတမ်းဝန်ထမ်းတွေအဖြစ် ခန့်အပ်ထားရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ကလေးတွေအတွက် ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုးနဲ့ နိုင်ငံသား၊ ကျား၊ မ ဖြစ်တည်မှုတို့အပေါ် ခွဲခြားမှုမပြုဘဲ တူညီတဲ့ ပညာသင်ခွင့် ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

သက်မွေးပညာ သင်ယူမှုအခွင့်အလမ်းတွေ လက်လှမ်းမီနိုင်စေဖို့ ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဘူးသီးတောင်မြို့တို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်း ၂ကျာင်း ဖွင့်လှစ်ဖို့  ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်ကစ ဘတ်ဂျက်လျာထားတင်ပြသွားမယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

ဓာတ်ပုံ-လူကယ်ပြန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013