DVB Logo
Home
မြန်မာသတင်း
ကြံခင်းမြို့နယ်​တွင် ​​တောရိုင်းတိရိစ္ဆာန် အစိတ်​အပိုင်းများ ဖမ်းဆီးရမိ
DVB
·
June 11, 2018
ကြံခင်းမြို့နယ်​တွင် ​​တောရိုင်းတိရိစ္ဆာန် အစိတ်​အပိုင်းများ ဖမ်းဆီးရမိ
Donate to DVB

 

ဧရာဝတီတိုင်း​၊ ကြံခင်းမြို့နယ်၊ ဘရဲမြို့အမှတ်​ ၂ ရပ်​ကွက်​မှာ ​​ဇွန်​လ ၉ ရက်​​ ည က တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်​အပိုင်းတွေ ဖမ်းမိခဲ့တယ်လို့ ဧရာတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘရဲမြို့အမှတ်​ ၂ရက်​ကွက်​​နေ ​ဇော်​ဝင်း​မောင်​နဲ့ ဝင်းမြင့်တို့​နေအိမ်​​တွေမှာ​ တောရိုင်းတိရိစ္ဆာန်​တွေရဲ့ ဂျိုနဲ့သားရည်​​တွေ အစိတ်​အပိုင်း​တွေ​ ရောင်းချ​နေတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့တာပါ​။  

ဧရာဝတိုင်း​ရဲတပ်​ဖွဲ့မှူးရုံး မှုခင်းအကူဌာနစု ဒုရဲအုပ်​​နေဝင်း​အောင်​က "ညက ဖမ်းတာပါ။  တိုင်းက ကျနော်ရယ်၊ ခရိုင်​က အဖွဲ့ရယ်​သစ်​​တောဦးစီး​ဌာနက အဖွဲ့ရယ်​၊ နယ်​​မြေခံ ရဲရယ် ​စု​ပေါင်းဖမ်းဆီးတာ​ပေါ့။  တခုကိုကျနော်က တရားလိုလုပ်​တယ်​။ တခုကို​တော့ ဘရဲရဲစခန်း က လုပ်​ပါတယ်​။ ​နေအိမ်​နှစ်​ခုဆို​တော့ တပြိုင်​တည်းဝင်​ရှာရတာဆို​တော့ လူခွဲပြီး ဖမ်းတာ ဖြစ်​တယ်​။  အဲ​ကြောင့် တခုစီ သီးခြားတရားစွဲမှာပါ။"လို့ ဒီဗွီဘီကို​ပြောပါတယ်​။

ဖမ်းဆီးရခဲ့တဲ့ပစ္စည်း​တွေထဲမှာ ဆပ်​​ခေါင်းဂျိုစုံပါ ၁ ​ချောင်း၊  ဆပ်​ဂျို ၂​ချောင်း၊ ဂျီခေါင်း ၁​ ခေါင်း၊ ဂျီဂျို ၃​ချောင်း၊ ​တောဝက်​စွယ် ​၁၇​ ချောင်း၊  လိပ်​ရင်​ဘတ်​ ၂ခု​၊ တောဝက်​သည်း​ခြေ ၅ ခု၊ ဝက်​ဝံလက်​သည်း ၁ခု​၊ တော​ကြောင်​လက်​သည်း ၂၇ ခု​၊  တော​ကြောင်​အမြီး ၁ခု​၊ တော​ကြောင်​​ခေါင်း ၁ ခု၊ ၃ ​ပေ ၂​ပေ ဂျီသ​ရေ ၂ချပ်​၊ ၂ ​ပေခွဲ ၂​ပေ ဂျီသ​ရေ ၂ချပ်​​၊  လေ​သေနတ်​တလက်တို့ပါဝင်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တိုင်းမှုခင်း အကူဌာနစုက ဒုရဲအုပ်​​နေဝင်း​အောင်က တရားလိုပြုလုပ်​ကာ  ​ဇော်​ဝင်း​မောင်​ကို ဘရဲရဲစခန်းက ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​ရေး နယ်​​မြေ​စောင့်​ရှောက်​​ရေး ဥပ​ဒေ ပုဒ်​မ ၄၀(က) ၄၁(ခ)​၊ အပြင် လက်​နက်​ဥပ​ဒေပုဒ်​မ ၁၉(စ)နဲ့ ပါ တရားစွဲထားပါတယ်​။

ဝင်းမြင့်​အောင်​ကို​တော့ ဘရဲရဲစခန်းက စခန်းမှူး ရဲအုပ်​ မျိုး​ဇော်​မြင့်က တရားလိုပြုလုပ်​ပြီး ဘရဲနယ်​​မြေရဲစခန်းက ဇီဝမျိုးကွဲနှင့် သဘာဝပတ်​ဝန်​ကျင်​ ထိန်းသိမ်း​ရေး နယ်​​မြေ​စောင့်​ရှောက်ရေး ဥပ​ဒေပုဒ်​မ ၄၀(က)၄၁(က)တို့နဲ့ အ​ရေး​ယူထားပါတယ်​။  

အလားတူ မြန်​​အောင်​မြို့နယ်​မှာလည်း ​ဇွန်​ ၆ ရက်​​က တောရိုင်းတိရိစ္ဆာန်​ရဲ့ အစိတ်​အပိုင်း​တွေ ဖမ်းဆီးရမိထားပါ​သေးတယ်​။  

ဓာတ်​ပုံ - ဧရာဝတီတိုင်း​ဒေသကြီး မူခင်းအကူဌာနစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013