DVB Logo
Home
မြန်မာသတင်း

ရသေ့တောင် ပင်လယ်ကမ်းခြေတွင် စက်လှေပျက်ပြီး ရောက်လာသည့်  ဘင်္ဂါလီ ၁၀၀ ခန့် ဖမ်းမိ

DVB
·
June 11, 2018
ရသေ့တောင် ပင်လယ်ကမ်းခြေတွင် စက်လှေပျက်ပြီး ရောက်လာသည့်  ဘင်္ဂါလီ ၁၀၀ ခန့် ဖမ်းမိ
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဆင်ပိုက်ကျေးရွာနဲ့ အောင်ဗလကျေးရွာကြား ပင်လယ်ကမ်းခြေမှာ ဘင်္ဂါလီ ၁၀၀ ခန့်ကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

စက်လှေပေါ်မှာ အမျိုးသား၊ အမျိုးသမီး အပါအဝင် ကလေးငယ် ၁၀၀ လောက်ပါရှိပြီး စက်လှေပျက်လို့ ကမ်းကို ကပ်လာတာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီကနေ့ နေ့လယ်ပိုင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်သိတာကတော့ ဘင်္ဂလီ ၁၀၀ လောက်တော့ရှိတယ်။ အခုသူတို့ကို မောင်တောကို ပို့နေပြီ၊ စက်လှေပျက်တယ်လို့ ပြောတယ်ခင်ဗျ။ စက်လှေပျက်ပြီးတော့ ရောက်လာတာလို့လည်း ပြောတယ်။ ဘယ်ကနေလာတယ်။ ဘယ်ကိုသွားတယ်ဆိုတာ ကျနော်တို့လည်းမသိရသေးဘူး ။ သူတို့ကို မေးမြန်နေတုန်းပဲရှိပါသေးတယ်လို့” ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးရရှိထားတဲ့ ဘင်္ဂလီ ၁၀၀ လောက်ကို မောင်တောဖက်ကို ပို့ဆောင်နေပြီ အသေးစိတ်ကိုတော့ မောင်တောဘက်ကိုမေးမြန်းဖို့ ရသေ့တောင်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ပြောဆိုပေမယ့် မောင်တောဖက်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလီတွေထဲမှာ အမျိုးသား ၃၄ အမျိုးသမီး ၅၆ ခလေး ၁၁ဦး စုစုပေါင်း ၁၀၁ ဦးတို့ကို ပါဝင်တယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ထွန်းထွန်းဇော်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013