DVB Logo
Home
မြန်မာသတင်း
နမ့်လန်ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်
DVB
·
June 11, 2018
နမ့်လန်ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နမ့်လန်ကျေးရွာအုပ်စုကြီးမှာ ဒီလဆန်းပိုင်းက သီတင်းတပတ်ကျော် ရေကြီးမှုကို ဒေသခံတွေ ဆိုးဆိုးရွားရွားခံစားနေရပြီး လောလော ဆယ် ပြည်သူ ၃၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေပါတယ်။

ယမန်နေ့က ရေကျသွားပြီဖြစ်ပေမယ့် တရွာလုံးရွံ့နွံတွေဖုံးလွှမ်းနေပြီး ဘာမှလုပ်ကိုင် စားသောက်လို့ မရသေးဘဲ အိမ်ထဲမှာလည်း ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေသေးတာ ကြောင့် သောက်ရေသန့်နဲ့ စားစရာတွေ၊ ဆေးဝါးတွေ အသုံးအဆောင်နဲ့ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်တယ်လို့ နမ့်လန်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ရေတွေကျသွားပြီဆိုပေမယ့် တရွာလုံးရွံ့တွေချည်းဘဲ၊ ရွှံ့တွေခပ်ထုတ်ပြီး သန့်ရှင်းရေး လုပ်နေရလို့ ဘယ်သူမှပုံမှန်အလုပ်မ လုပ်နိုင်ဘူး။ တချို့က အိမ်မှာနေလို့မရလို့ အမြင့်ပိုင်းက ဆွေမျိုးအိမ်မှာ သွားနေရတယ်။ အကူအညီလိုတာကတော့ မျိုးစုံပေါ့။ စားဖို့သောက်ဖို့ရော အိမ်ထောင်ပရိဘောဂ  အ၀တ်အထည်အစုံပေါ့။ တချို့က အိမ်ထောင်ပစ္စည်းတွေ ရေထဲ ပါသွားပြီ။ အလှူရှင်တွေလည်း လာပါတယ်။ တနေ့က မြို့နယ်အုပ်ချုပ်ရေးရုံးက ထမင်းထုတ်လာ ဝေတယ်။ တခြားလူမှုကူညီရေးအဖွဲ့တွေ ပါတီတွေလည်း ဆန်၊ ဆီ၊ သောက်ရေသန့်၊ ငွေတွေ လာလှူပါတယ်။ ဒါပေမယ့် လူများတော့ မလောက်ဘူး။”

နမ့်လန်ကျေးရွာအုပ်စုမှာ ရပ်ကွက်ပေါင်း ၁၁ ခုနဲ့ ရွာ ၅ ရွာရှိပြီး ရေ၀င်ခံရတဲ့အိမ်တွေက စာရင်းအရ ၁၂၁၄ လုံးရှိကာ  ဆိုးဆိုးရွားရွားရေလွှမ်းခံရတာက ၁၉၆ အိမ်၊ ရေဘေးသင့်ပြည်သူက ၃၃၄၅ ဦးရှိတယ်လို့ သိရပါတယ်။

နမ့်လန်ထဲကို ၀င်လာတဲ့ရေတွေဟာ တောင်ကျချောင်းရေတွေဖြစ်တာကြောင့် ရေစီးသန် တာမို့ နေအိမ် ၂၀ ကျော်က အုတ်တံတိုင်းတွေ ပြိုကျပြီး လမ်းတွေကွဲအက်ပျက်စီးသွားပါတယ်။

ဒါ့အပြင် ကြက်၊ ၀က်၊ ဘဲ စတဲ့ အိမ်မွေး တရိစ္ဆာန်တွေပါ ရေထဲမျောသွားတာရှိသလို၊ လယ်ယာစိုက်ခင်း တွေလည်းပျက်စီးဆုံးရှူံးမှုရှိပါတယ်။

နမ့်လန်သားတစ်ဦးကတော့ သူတို့ရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာ နားနေရွာမှာ ရေ လွှမ်းမှုကြောင့် နေအိမ်တစ်လုံးနဲ့ လယ်မြေ ၂၃ ဧက ပျက်စီးသွားတယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။

ရေဘေးသင့်ပြည်သူတွေကူညီဖို့ ကယ်ဆယ်ရေးကော်မတီဖွဲ့ထားပြီး  နမ့်လန်ကျေး ရွာအုပ်ချုပ်ရေးရုံးမှာ အလှူခံဌာနဖွင့်ထာကာ အောက်ပါဖုန်းနံပတ်တွေကို  ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ဖုန်း ၀၉ ၄၀၃၇၆၄၇၁၅  / ၀၉ ၄၀၃၇၄၆၆၉၇ / ၀၉ ၄၀၃၇ ၃၁၃၀၀ /  ၀၉ ၄၀၃၇ ၂၃၀၆၀ / ၀၉ ၈၉၉၆၃၆၅၇၇

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013