DVB Logo
Home
မြန်မာသတင်း
မြင်းခြံ​ဆေးရုံတွင်​ ​မွေးကင်းစ က​လေးငယ်​ခိုးယူသူဖမ်းမိ
DVB
·
June 11, 2018
မြင်းခြံ​ဆေးရုံတွင်​ ​မွေးကင်းစ က​လေးငယ်​ခိုးယူသူဖမ်းမိ
Donate to DVB

မန္တ​လေးတိုင်း​၊ မြင်းခြံမြို့ ပြည်​သူ့​ဆေးရုံရှိ သားဖွား/ မီးယပ်​ ကုသ​ဆောင်​မှာ ဇွန်​လ ၁၀ ရက်​ ​နေ့လယ်​က ​မွေးကင်းစ က​လေးငယ်​ ​ယောက်ျား​လေးတဦး ​ပျောက်​ဆုံးသွားခဲ့ရာ ၁၂ နာရီအတွင်း က​လေးခိုးယူသူ အမျိုးသမီးကို က​လေးနဲ့အတူ ဖမ်းမိတယ်​လို့ မြင်းခြံမြို့မ ရဲစခန်းကသိရပါတယ်​။

မြင်းခြံမြို့နယ်​ သိမ်​ရွာေ​ကျးရွာမှ မဝင်းစန္ဒာဟာ မြင်းခြံ​ဆေးရုံသို့ တတိယ​မြောက် ​က​လေးငယ်​အား လာ​ရောက်​​မွေးဖွားတာ ဖြစ်​ပါတယ်​။

က​လေးငယ်​ မိခင်​ မဝင်းစန္ဒာ ​ပြောတာက "က​လေး​မွေးဖွားပြီး သုံးရက်​​မြောက်​​နေ့က ​ပျောက်​တာပါ။ က​လေးကို ​မွေးကင်းစက​လေးအထူးကြပ်​မတ်​​ဆောင်​ ပို့ထားရပါတယ်​။ ဒီအမျိုးသမီးက ပြီးခဲ့တဲ့ နှစ်ရက်​​လောက်​ ​ဆေးရုံ​ရောက်​လာပြီး ကျမတို့ကို ရင်းနှီးမှုယူတာပါ။ က​လေးက အထူးကြပ်​မတ်​​ဆောင်​က​နေ ​နေ့စဉ်​ ထုတ်​လိုက်​ ပြန်​ပို့လိုက်​ ​လုပ်​​နေတာကို သူက မြင်​​နေတာပါ။ ဖြစ်​ချင်​​တော့ အဲနေ့က ကျမ က​လေးကို နို့တိုက်​ဖို့ ​ခေါ်ယူရာမှာ သူက က​လေး ကပ်​ပြားကို အတင်းယူပြီး သူသွားထုတ်​​ပေးမယ်​ဆိုကာ ခဏကြာ​တော့မှ က​လေး​ရော သူပါ ပြန်​မလာ​တော့ က​လေး​ပျောက်​သွားတယ်​ဆိုတာ သိတာပါ”လို့ပြောပါတယ်​။

ဒီဖြစ်​စဉ်​နဲ့ ပတ်​သက်​ပြီး မြင်းခြံမြို့မရဲစခန်း ဒု ရဲအုပ်​နိုင်​ဝင်းထွန်းနဲ့အဖွဲ့က လိုက်​လံရှာ​ဖွေ ဖမ်းဆီခဲ့ရာ မြင်းခြံမှ ရန်​ကုန်​သို့ ​ပြေးဆွဲ​နေ​တဲ့ ​ရွှေမန်းသူ ခရီးသယ်​​တင်​ အမြန်​ယာဉ်​ ကား​ပေါ်မှာ ဇွန်​လ ၁၁ ရက်​ မနက်​က မိုင်​တိုင်​ ၁၁ အမှတ်​ ၃ အမြန်​လမ်းမကြီးရဲစခန်းမှာ ​ကလေးခိုးယူသူ ဒေါ်မြင့်မြင့်​မော်​ကို က​လေးငယ်​နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်​ပါတယ်​။

 ပခုက္ကူမြို့နယ်​​မှာ နေထိုင်​တဲ့ က​လေး ခိုးယူသူဒေါ်မြင့်မြင့်​မော်​ အသက်​ (၄၂ နှစ်)ကို ရာဇသတ်​ကြီးပုဒ်​မ ၃၆၃ အရွယ်​မ​ရောက်​သည့်​လူခိုးမှု)နဲ့ ရဲအုပ်​မျိုးလွင်​က အမှုဖွင့်အ​ရေးယူ ထားပါတယ်​။

သတင်း - ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013