DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ပြေးသူများပြန်လာနိုင်ရေး နှစ်နိုင်ငံအပေါ်မှီတည်နေ
DVB
·
June 11, 2018
နေရပ်စွန့်ပြေးသူများပြန်လာနိုင်ရေး နှစ်နိုင်ငံအပေါ်မှီတည်နေ
Donate to DVB

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေ ပြန်လာမယ့်လုပ်ငန်းစဉ် အမှန်တကယ် စတင်နိုင်မယ့်အချိန်ဟာ  မြန်မာနိုင်ငံအပေါ်မှာရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်မှာပါ မှီတည် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ NHK သတင်းဌာနတို့  သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒါကတော့ မြန်မာနိုင်ငံအပေါ်မှာရော၊ ဘင်္ဂလားဒေ့ရှ်အပေါ်မှာပါ မှီတည်နေပါတယ်။ နှစ်ဦးနှစ်ဖက် လုပ်ကြရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ ဒုက္ခသည်တွေကို ပုံစံတွေထုတ်ပေးတာ၊ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ ဘယ်လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကို ပြည့်ပြည့်စုံစုံ အသိပေးတာတွေ မလုပ်သေးသရွေ့ ကျမတို့အနေနဲ့ လုပ်ငန်းစဉ် အမြန် တိုးတက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။”

လူတချို့ပြန်လာကြပေမယ့် တရားဝင်လမ်းကြောင်းက ပြန်လာတာမဟုတ်သလို ပြန်လာ ကြတဲ့သူတွေဟာ ပုံစံဖြည့်ရမယ်ဆိုတာလည်း မသိကြဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ယုံကြည်မှုတည်ဆောက်နိုင်စေဖို့ တဖက်လူဘက်ကလည်း လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းဖို့ လိုတယ်လို့ ကျမထင်ပါတယ်။ ဥပမာပြောရရင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရရှိခဲ့တဲ့ MoU နဲ့အညီ ပုံစံတွေဖြည့်စွက်ပေးရမှာဖြစ်တယ်လို့ ကျမတို့ နားလည်ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်းမရှိပါဘူး။ ဒီပုံစံတွေကို ဖြန့်ဝေ ပေးခြင်းမရှိရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေ မသိကြရင် ကျမတို့အနေနဲ့ ဒုက္ခသည်ဌာနေပြန်ရေး လုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက် နိုင်မှာ မဟုတ်ပါဘူး။”

ဒါ့အပြင် အခုနောက်ဆုံး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဟာ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်နဲ့အညီ လုပ်ဆောင်တာဖြစ်တယ် ရခိုင်ပြည်နယ် ပြဿနာဟာ နေ့ချင်းညချင်းဖြေရှင်းနိုင်မယ့် ပြဿနာမဟုတ်ဘူးလို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ကျမပြောချင်တာကတော့ ဒီပြဿနာဟာ ကာလရှည်ကြာ ဖြစ်တည်လာတဲ့ ပြဿနာဖြစ်တယ်ဆိုတာပါ။ အရင်ရာစုနှစ် နှစ်ခုလောက်ကတည်းက ဖြစ်တည်လာတဲ့ ပြဿနာ ဆိုတာကို လူတွေမေ့လျော့နေကြပါတယ်။ ဒါဟာ မနေ့ကမှ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ဒီလောက် ကာလကြာရှည် ဖြစ်တည်လာတဲ့ ပြဿနာကို လအနည်းငယ်အတွင်းမှာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျမတို့ အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ရယူခဲ့တာကလည်း နှစ်နှစ်လောက်ပဲရှိသေးတာပါ။ ဒီလောက် ကြီးကျယ် လှတဲ့ ပြဿနာကို နေ့ချင်းညချင်းဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ NHKသတင်းဌာနတို့  သီးသန့်တွေ့ဆုံမေးမြန်းခန်းကို နိုင်ငံပိုင်သတင်းစာမှာ ဘာသာပြန်ဖော်ပြနေတာဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းက ကနေဒါနိုင်ငံမှာ ပြုလုပ်သွားတဲ့ G 7 စက်မှုထိပ်သီး ၇ နိုင်ငံ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ဒုက္ခသည်တွေေ နရပ်ပြန်နိုင်ရေး မြန်မာကို တွန်းအားပေးဖို့ ပြောဆိုသွားပါတယ်။

ဓာတ်ပုံ-NHK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013