
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ဟာ ထိုင်းနိုင်ငံသို့ မကြာခင်ကာလမှာ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်မယ်လို့ အစိုးရက သတင်းဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ဘန်ကောက်မှာကျင်းပမယ့် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေးနဲ့ (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)ထိပ်သီး အစည်းအဝေးတက်ရောက်မယ်လို့ လည်းဆိုပါတယ်။
ဒါဟာ နိုင်ငံတော်အကြီးအကဲ ဦးဝင်းမြင့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အိမ်နီးချင်းထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်တာ ဖြစ်ပါတယ်။











