DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် အမ်း​-​တောင်​ကုတ်​-ကျောက်ဖြူ ကားလမ်းမကြီးပျက်စီး
DVB
·
June 11, 2018
မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် အမ်း​-​တောင်​ကုတ်​-ကျောက်ဖြူ ကားလမ်းမကြီးပျက်စီး
1 / 4
Donate to DVB

မိုးအဆက်​မပြတ်​ရွာသွန်းမှု​ကြောင့် ရခိုင်ြ​​ပည်​နယ်​ အမ်း-တောင်​ကုတ်​-​ကျောက်​ဖြူ ကားလမ်းမကြီး ပျက်စီးသွားလို့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေ့နေတယ်လို့ အမ်းအုပ်​ချုပ်​​ရေးမှူးဦးကိုကိုမြတ်​က ဒီဗွီဘီကို​ပြောပါတယ်​။

"အမ်းနဲ့မအီကြား မိုင်​တိုင်​အမှတ်​၊ ၂၂/၅၆ကြား၊ လမ်းကို​ရေတိုက်​စားပြီး​တော့ မ​နေ့က ၁၀​ ပေ​လောက်​လမ်းပဲ့သွားတယ်​။ မိုးက ၈ ရက်​နေ့ ၉ ရက်​​နေ့ မိုးဆက်​တိုက်​ရွာတယ်​။ ​တောင်​ကျ​ရေဆင်းပြီး​တော့ ​ရေတိုက်​စားသွားတာပါ။ အခုအချိန်​မှာ​တော့ ​ပေ ၁၀၀​ လောက်​ ပြတ်​ထွက်​သွားတယ်​"လို့​ပြောပါတယ်​။

ဒီက​နေ့ မနက်​အချိန်​ထိ​တော့ ယာယီတံတား​ဆောက်​လုပ်​ဖို့တံတားသံ​ဘောင်​​တွေ၊ တံတားအထူးအဖွဲ့​တွေနဲ့ မြို့နယ်​​ထွေအုပ်​တို့က ယာယီတံတားတခု​ဆောက်​လုပ်​ဖို့စီစဉ်​​နေပြီး တံတားပြီးဖို့ နှစ်ရက်​​လောက်​ကြာမြင့်မယ်​လို့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးက ဒီဗွီဘီကို​ပြောပါတယ်​။

လတ်တလောမှာ​ အမ်း-​တောင်​ကုတ်​- ​ကျောက်​ဖြူလမ်းမ ပျက်စီးသွားတာ​ကြောင့် ခရီးသည်​​ယာဉ်​​တွေ အပါအဝင်​ ကုန်​တင်​ကား​တွေလည်းပိတ်​မိ​နေ​ပါတယ်​။ ဒါ့အပြင်​အဲ့ဒီအနီးအနားမှာ အခြားလမ်းလွှဲမရှိလို့ သွားလာရတာပိုအခက်အခဲဖြစ်​​နေပြီး လက်​ရှိအချိန်​အထိ မိုးအဆက်​မပြတ်​ရွာသွန်း​နေပါတယ်​။

သတင်း- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013