DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံကို ပွဲဖြစ်ရုံမကျင်းပရန် တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တိုက်တွန်း
DVB
·
June 11, 2018
၂၁ ရာစုပင်လုံညီလာခံကို ပွဲဖြစ်ရုံမကျင်းပရန် တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တိုက်တွန်း
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးကို ပွဲဖြစ်ရုံမလုပ်ဘဲ ရလဒ်ကောင်းရဖို့ မျှော်လင့်ချက်နဲ့ လုပ်ရမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPSTခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပြောပါတယ်။

ဇွန် ၁၁ရက် ချင်းမိုင်မှာကျင်းပတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ ၂၁ကြိမ်မြောက် အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အန်စီအေ အကောင်အထည်ဖော်တဲ့နေရာမှာ အထင်ရှားဆုံးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအဝေး ဖြစ်တယ်ဆိုသော်ငြားလည်း ဒီအစည်းအဝေး က ပွဲဖြစ်သွားရုံပြုလုပ်တယ်ဆိုတာထက် အဲ့ဒီပွဲကနေ ရလဒ်ကောင်းတွေ ရရှိရမယ်ဆိုတဲ့ မျှော်မှန်းချက်ထားရမှာ ဖြစ်ပါတယ်။”

မျှော်မျန်းချက်အတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လည်း လိုအပ်တယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် (၂၁)ရာစုပင်လုံ အစည်းအဝေးဟာ ဦးဆောင်နေသူတွေကြားမှာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ပွဲအဖြစ် အသုံးပြုရမယ့်နေရာမဟုတ်ဘူးလို့လည်း  ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သတိပေး ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေးသဘောတူစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုး ထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ  ဇွန်လကုန်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကိစ္စ အဆုံး အဖြတ်ပေးမှာ ဖြစ်ပါတယ်။

တနှစ်ကျော်ကြာ မကျင်းပဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန် ၃၀ ရက် ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013