DVB Logo
Home
မြန်မာသတင်း
မိုးရာသီတွင် မန္တလေးတိုင်းအတွင်း သစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးမည်
DVB
·
June 11, 2018
မိုးရာသီတွင် မန္တလေးတိုင်းအတွင်း သစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးမည်
1 / 4
Donate to DVB

 

မန္တလေးတိုင်းဒေသကြီးအတွင်း အခုနှစ် မိုးရာသီမှာ သဘာဝစိမ်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က သစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးမယ်လို့ သိရပါတယ်။

သဘာဝစိမ်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးနေတာ ဆယ်စုနှစ်တခုကြာလောက် ရှိနေပါပြီ။

အခုနှစ်ဆောင်ရွက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘာဝစိမ်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက “ကျနော်တို့ နှစ်စဉ် သစ်ပင်စိုက်ခဲ့တာ ဒီနှစ်နဲ့ဆို ၉ နှစ်ရှိပါပြီ။ ဒီနှစ်မှာလည်း အဲဒီအတွက် အစီအစဉ်တွေ ဆွဲထားပြီးသားပါ။ နောက်အပတ် တနင်္ဂနွေနေ့မှာ သခင်မတောင်မှာ စိုက်မှာပါ၊ အပင်တွေလည်း ပို့ပြီသားပါ။ ဒီမိုးရာသီ လေးလလုံးမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရှေ့ကိုးနှစ်တုန်းကလည်း ဒီအတိုင်းပါပဲ၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပုံမှန်စိုက်ခဲ့ပါတယ်" လို့ ပြောပါတယ်။

ကံ့ကော်၊ စကားဝါ၊ စကားစိမ်း၊ မယ်ဆယ်၊ ခရေ၊ လုမ္မဏီ စတဲ့အပင်တွေကို ပျိုးထောင်ထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စတဲ့ အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ သွားရောက်စိုက်ပျိုးနေတာပါ။

ဦးဆောင်သူ ဦးမောင်မောင်ဦးက “ဒေသနဲ့ကိုက်ညီမယ့် အပင်မျိုးတွေကို စိုက်သွားဖို့ လျာထားပါတယ်။ စိုက်ပျိုးပေးဖို့ တောင်းဆိုလာတာ ဥပမာ ကျွန်းပင်၊ ကျနော်တို့ မစိုက်ပျိုးထားပါဘူး။ ဒါပေမယ့် နီးစပ်ရာ သစ်တောဝန်ကြီးဌာနက တရားဝင်တောင်းခံပြီး စိုက်ပျိုးပေးသွားဖို့ ရှိပါတယ်။ အခုလည်း လုပ်ခဲ့ပါတယ်။ အရင်နှစ်တွေကလည်း အဲအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ အများစုစိုက်တာ ဖိတ်ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ စိုက်ပါတယ်။ အများနဲ့သက်ဆိုင်တဲ့နေရာ ဥပမာဆိုရင် လမ်း၊ ပန်းခြံ အဲလိုထဲမှာ ဖိတ်ခေါ်ရင်လည်း စိုက်ခဲ့ပါတယ်” လို့ ပြောပါတယ်။

သဘာဝစိမ်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဇွန် ၁၀ ရက်မှာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ သခင်မတောင်မှာ မိုးရာသီ သစ်ပင်စိုက်ပျိုးမှာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း  မိုးရာသီ သစ်ပင်စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013