DVB Logo
Home
မြန်မာသတင်း
ပြည်မြို့နယ်တွင် အိမ်ခြေ ၂၀ ကျော် ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံနေရ
DVB
·
June 10, 2018
ပြည်မြို့နယ်တွင် အိမ်ခြေ ၂၀ ကျော် ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံနေရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ထဲက ဇလုံချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့နေရာမှာရှိတဲ့ ဇလုံကျေးရွာမှာ အိမ်ခြေ ၂၀ ကျော် ကမ်းပါးပြိုကျမှုအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ရွာသွန်းခဲ့တဲ့ မိုးရေ၊ ဧရာဝတီမြစ်နဲ့ ချောင်းရေ မြင့်တက်လာမှုကြောင့် ရွာရဲ့ ကမ်းပါး နိမ့်ကျလာပြီး အိမ် ၂ လုံး မနေ့ညက ကမ်းပါးပြိုကျတဲ့အထဲ ပါသွားခဲ့ပါတယ်။

ရေက ဆက်တိုက်တက်နေပြီး ပက်ကြားအက်ကြီးတွေပေါ်လာတာကြောင့် ဧရာဝတီမြစ်နဲ့ ချောင်းကမ်းပါးဘေးမှာ နေထိုင်ကြတဲ့ အိမ် ၂၀ ကျော်လောက် မဖြစ်မနေ ပြောင်းရွှေ့ရတော့မယ်လို့ ဇလွန်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုလှမင်းထက်က ပြောပါတယ်။

အိမ်ဖျက်ရွေ့ပေးလိုက်ရတဲ့ ဦးဝင်းမြိုင်က  “ပထမ မိုးစရွာပြီးကတည်းက မြေကစိုပြီး ပက်ကြားအက်တွေ ပေါ်နေတာ။ ညပိုင်းဆို တဝုန်းဝုန်းနဲ့ပြိုကျလာနေတော့ မနေ့ကတော့ မဖြစ်မနေရွှေ့လိုက်ရတာ။ ရွှေ့မပြီးခင်မှာပဲ ပြိုကျသွားတာ။ အိမ်က သွပ်မိုးပျဉ်ကာ ဆိုပေမယ့် ဘာမှအကောင်းပြန်မရဘူး။ အခုတော့ ဘယ်မှာပြန်ဆောက်နေရမှန်း မသိသေးပါဘူး” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နဲ့ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ပါတယ်။ လတ်တလော ဖျက်ပြီးရွှေ့ပေးလိုက်ရတဲ့ အိမ် ၂ အိမ် အတွက် တအိမ် ၁ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးမယ်လို့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ပြောကြားခဲ့ပါတယ်။ ကမ်းပါးပြိုကျမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နေအိမ်တွေ ရွှေ့ပြောင်းပေးဖို့အတွက် မြေနေရာ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဇလုံရွာမှာ ပြီးခဲ့တဲ့နှစ်ကလည်း ကမ်းပြိုပြီး အိမ် ၁ အိမ် ကမ်းပါပြိုကျလို့ ဖယ်ပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာမှာ အိမ်ခြေ ၃၁၀ လောက်ရှိပြီး နွေရာသီမှာပဲ ဆိုင်ကယ်နဲ့ သွားလာလို့ရကာ ကျန်တဲ့အချိန်တွေမှာ စက်လှေနဲ့သွားရကြောင်း၊ မိုးက အခုရက်ပိုင်း ဆက်နေတာမို့ မဖယ်ရှားရင် အန္တရာယ် ရှိနေပြီလို့ ဒေသခံတဦးက ပြောပါတယ်။

မင်ညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013