DVB Logo
Home
မြန်မာသတင်း
ကျွန်းလှ လွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုကြောင့် ဆေးရုံတင်ထားရ
DVB
·
June 10, 2018
ကျွန်းလှ လွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုကြောင့် ဆေးရုံတင်ထားရ
Donate to DVB

ကျွန်းလှမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းဟာ ဇွန်လ ၉ ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိကာ မုံရွာမြို့နယ်ဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲပြောင်းလိုက်ရပါတယ်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ လမ်းကြောတခုတည်း မောင်းနှင်လာတဲ့ တဘက်ဆိုင်ကယ်တို့ ဝင်တိုက်မိရာကနေ အခုလို ဖြစ်ပွားရတာလို့ မုံရွာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။

“ဦးကျော်လင်းက ဆိုင်ကယ်ကို ကွေ့လိုက်တော့ တဘက်ဆိုင်ကယ်က အရှိန်နဲ့ မောင်းလာရာကနေ ဘေးတိုက်အနေထား ဝင်ဆောင့်တိုက်မိတာ။ တဘက်က ဆိုင်ကယ်မောင်းလာတဲ့ လင်မယားနှစ်ယောက်လည်း မေးစေ့နဲ့ နှုတ်ခမ်းကွဲဒဏ်ရာရပြီး ဦးကျော်လင်းကတော့ ဦးခေါင်းနောက်စေ့ထိသွားတယ်။ နားက သွေးထွက်လာတော့ ဒီကဆေးရုံက ဆေးစာနဲ့ မန္တလေးဆေးရုံကြီးကို လွှဲလိုက်ရတာပါ” လို့ မုံရွာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ် ဝင်းကိုကိုက ပြောပါတယ်။

ဦးကျော်လင်းဟာ ကျွန်းလှမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ မုံရွာဆေးရုံကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့ လာရောက်ကြည့်ရှုပြီး လိုအပ်တာတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့က ဦးကျော်လင်းနဲ့ ဦးမြင့်ဝေတို့ နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013