DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဖမ်းမိ
DVB
·
June 10, 2018
ပြည်မြို့တွင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဇွန်လ ၉ ရက်နေ့ ညပိုင်းက တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သတင်းအရ ပြည်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ သစ်တောဦးစီးမှူးတွေက အဖွဲ့ ၂ ဖွဲ့ခွဲပြီး ရှောင်တခွင်ဝင်ရောက်ရှာဖွေခဲ့ရာမှ သစ်တောထွက်ပစ္စည်း အမျိုးအမည်ပေါင်းများစွာကို နေရာ ၂ နေရာမှာ ဖမ်းမိခဲ့တယ်လို့ အမှတ် ၁ ရဲစခန်းကနေ သိရပါတယ်။

ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ တပ်လမ်းနဲ့ ဈေးလမ်းဒေါင့်က ဦးရုံးလီ(ခ) ဦးကျော်ထွန်းနေအိမ်ကနေ ဂျီသားရေ ၁၂ ချပ်၊ လိပ်ခွံ ၂၄၅ ချပ်၊ လိပ်ခွံအပိုင်းအစတွေ၊ ဆတ်ဂျိုမျက်နှာပါ စုစုပေါင်း၂၄ ခု၊ တောင်စိတ်ချို ၅ စုံ၊ နွာနောက်ချို ၁စုံ၊၊ သင်းခွေချပ် ၂ ဒသမ ၂၄ ပိသာ၊ ဖြူဆူး ၁ ဒသမ ၉၀ ပိဿာ၊ ၀က်ဝံလက်သဲ ၇ ခု၊ ဂျီချိုပေါက် ၇ ချောင်း၊ ၀က်စွယ် ၄ ချောင်း၊ တောင်စိတ်ချို ၁ ချောင်းတို့ကို ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ရဲမှူး ပြုံးလွင်၊ သစ်တောဦးစီး ဦးထိုက်လွင်ဦးတို့အဖွဲ့က ဦးဆောင်ဖမ်းစီးခဲ့တာ ဖြစ်ပါတယ်။

ပြည်မြို့၊ ဗိုလ်ချုပ်လမ်း ရွာဘဲရပ်ကွက် ဦးသိန်းထွန်းရဲ့နေအိမ်ကနေ ဂျီသားရေ ၃ ချပ်၊ ဂျီချို ၅ ခု၊ တောင်ဆိပ်ချို ၄ ခု၊ ပြောင်ချို ၁၉ စုံ၊ လိပ်ဗိုက်ခွံ ၁၇ ခု၊ လိပ်အပေါ်ခွံ ၂ ခု၊ ဖြူဆူး ၁၀ ကျပ်သား၊ ၀က်ဝံရိုး ၃ ချောင်း၊ ဆပ်ဂျို ၁ ချောင်း၊ တောင်ဆိပ်ချို ၂ စုံ၊ ဆပ်ချို ၂ စုံ၊ ပြောင်ချို မျက်နှာပါ ၁ စုံ၊ ပြောင်ချို မျက်နှာမပါ ၁၄ စုံတို့ကို ပြည်မြို့မစခန်းမှူး ဦးမြင့်ဇော် နဲ့ တောအုပ်ကြီးတို့အဖွဲ့က တချိန်တည်းမှာ ဖမ်းဆီးလိုက်တာပါ။

လက်ဝယ်တွေ့သူ ပိုင်ရှင် ၂ ယောက်ကို ပြည်အမှတ် ၁ ရဲစခန်းက ပြည် (မမစ)(ပ) ၄၇၀/၁၈၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင်ရှာက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) ၄၀ (က) တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဲဒီပုဒ်မတွေက အခု ၂၀၁၈ ခု နှစ်ကျမှ အသစ်ပြောင်းလဲထားတဲ့ ဥပဒေတွေဖြစ်ပြီး၊ ပုဒ်မ ၄၀(က)က ထောင်ဒဏ် ၅ နှစ်အထိနဲ့ ဒဏ်ငွေ ၁၀ သိန်းအထိချဖို့ သတ်မှတ်ထားပြီး၊ အရင်က ချမှတ်ထားတဲ့ ဥပဒေတွေထပ် များစွာပြစ်ဒဏ်တွေမြင့်ထားတယ်လို့ ပြည်မြို့နယ် သစ်တော ဦးစီးမှူး ဦးထိုက်လွင်ဦးက ရှင်းပြပါတယ်။

မင်းညိုပါ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013