DVB Logo
Home
မြန်မာသတင်း
ရခိုင်ဘက်မှ လူ ၁၁ ဦးပါ စက်လှေ ရေးမြို့ ကုလားကုတ်ကျွန်းသို့ မျောလာ
DVB
·
June 10, 2018
ရခိုင်ဘက်မှ လူ ၁၁ ဦးပါ စက်လှေ ရေးမြို့ ကုလားကုတ်ကျွန်းသို့ မျောလာ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်း၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာဆိပ်ကမ်းကို ဇွန် ၉ ရက်နေ့ ညနေပိုင်းက ပင်လယ်ဘက်မှ စက်လှေတစ်စီး မျောပြီး ကမ်းလာကပ်ခဲ့ပါတယ်။

လူ ၁၁ ဦးပါဝင်တဲ့ အဲဒီလှေက အင်ဂျင်စက် ၃ လုံးအနက် အင်ဂျင်စက်၂ လုံးချွတ်ယွင်းသွားတာကြောင့် ဆက်လက်မောင်းနှင်လို့မရတော့ပဲ ပင်လယ်ရေနဲ့အတူ မျောပါလာခဲ့တယ်လို့ စစ်ဆေးမေးမြန်းချက်ရ သိရကြောင်း ကုလားကုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိန်က ပြောပါတယ်။

ဦးသန်းစိန်က “စုံစမ်းစစ်ဆေးအတည်ပြုပြီးပါပြီ။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျည်းငူကျေးရွာကပါ၊ ခုတော့ ရွာမှာစောင့်ရှောက်ထားပါတယ်၊ တိုင်းရင်းသားတွေပါပဲ။ ရာသီဥတုက ဆိုးရွားနေသေးတော့ ဆက်လက်စောင့်ရှောက်ထားပေးမယ်။ စက်ကတော့ ပြင်ဆင်နေကြဆဲပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မကျည်းငူကျေးရွာနေ ဦးအောင်ဇော်ပိုင်ဆိုင်တဲ့စက်လှေဖြစ်ပြီး ပဲ့နင်းဖြစ်သူ ငိုင်းဒေါင်ကျေးရွာနေ ဦးမင်းနိုင်၊ ကိုယ်စားလှယ်လပ္ပတ္တာမြို့နေ ဦးအောင်ဘိုဘိုတို့အပါအ၀င် လှေသား ၁၁ ဦးကို မကျည်းငူကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပေးခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013