DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာ တိုးမြှင့်ပေးရန် YRTA ၀န်ထမ်းများ တောင်းဆို
DVB
·
June 9, 2018
လုပ်ခလစာ တိုးမြှင့်ပေးရန် YRTA ၀န်ထမ်းများ တောင်းဆို
Donate to DVB

YRTA ဝန်ထမ်းတချို့က အစိုးရသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာမရတဲ့အအေူ လစာတိုးမြှင့်ပေးဖို့ ဇွန်လ ၉ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ((MJN)မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA )ဝန်ထမ်းတွေရဲ့ လစာဟာ အနိမ့်ဆုံး ငွေကျပ် ၉ သောင်းလောက်သာရရှိပြီး ရုံးအဖွဲ့မှူးတွေရဲ့ လစာဟာ ကျပ် ၁၂၀၀၀၀ဝန်းကျင်ပဲရရှိလို့ လုပ်ခလစာတိုးမြှင့်ဖို့ တောင်းဆိုနေတာပါ။

ဝန်ထမ်းတွေအနေနဲ့ လက်ရှိမှာ အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်တောင် မရသေးတာကြောင့် လက်ရှိပြင်ဆင်သတ်မှတ်လိုက်တဲ့ တစ်ရက်ကို အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ပေးဖို့ YRTA ဝန်ထမ်း ၁၀၀ ကျော်က အလုပ်သမားရုံးကို တိုင်ကြားခဲ့ပါတယ်။

အဲဒီတိုင်ကြားမှုကို YRTA အဖွဲ့နဲ့ သက်ဆိုင်အလုပ်သမားရုံးတို့ ညှိနှိုင်းမှုတွေရှိနေပြီး လုပ်ခလစာ ပြန်လည်တိုးမြှင့်ပေးဖို့လည်း YRTA က ပြောဆိုတာတွေရှိတယ်လို့ သတင်းစာရှင်းပွဲမှာ ဝန်ထမ်းတွေက ဆိုပါတယ်။

YRTA အဖွဲ့ကို အရင် မထသလက်ထက် မထသ(ဗဟို)၊ မထသ(မြို့တွင်း)၊ မထသ(အဝေးပြေး)နဲ့ ခရိုင် ၄ ခရိုင်က ယာဉ်လိုင်းဌာနခွဲတွေစုပြီး ဝန်ထမ်းပေါင်း(၄၀၀)ကျော်နဲ့ စုဖွဲ့လုပ်ကိုင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013