DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် အောက်တိုဘာလဆန်းတွင် ကြိုတင်မဲပေးရမည်
DVB
·
June 9, 2018
ကြားဖြတ်ရွေးကောက်ပွဲအတွက် အောက်တိုဘာလဆန်းတွင် ကြိုတင်မဲပေးရမည်
Donate to DVB

 

အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပမှာ ရောက်နေတဲ့ ပြည်တွင်းရှိ မဲဆန္ဒရှင်တွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေး ထုတ်ပြန်ထားပါတယ်။

ကြိုတင်မဲပေးနိုင်ဖို့အတွက် အရင်ဆုံး သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအကဲတွေဟာ မိမိတို့ဌာနတည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေနဲ့ ဆက်သွယ်ပြီး ပုံစံ (၁၅) တွေကို တောင်းခံသွားရမှာ ဖြစ်ပါတယ်။

တောင်းခံပြီးနောက် သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအကဲတွေဟာ ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်တွေ ဖြည့်သွင်းထားပြီးဖြစ်တဲ့ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ သြဂုတ် ၂၄ ရက်အရောက် ပေးပို့ရမှာပါ။

တခါ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်တွေကို သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတွေကို အောက်တိုဘာ ၃ ရက်နေ့အရောက် ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။

ကြိုတင်ဆန္ဒမဲပေးတာကိုတော့ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတွေမှာ အောက်တိုဘာ ၅ ရက်ကနေ ၁၂ ရက်အတွင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေထံ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရမယ်လို့ ဆိုပါတယ်။

ဆေးရုံတွေ၊ ရဲအချုပ်ခန်းနဲ့ အကျဉ်းထောင်တွေမှာ သြဂုတ် ၂၄ ရက်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက် ကုသနေရသူတွေနဲ့ အချုပ်ခံရသူတွေရှိပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ဖို့နဲ့ မဲဆန္ဒနယ်ပြင်ပ ရောက်နေသူတွေ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပသွားမှာဖြစ်ပြီး ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့လည်း ကော်မရှင်က စတင်လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013