DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်အကောင့်အချို့ ပိတ်သိမ်းခံရမှု ပြန်ကြားရေးဝန်ကြီးဌာန တိုက်တွန်းခြင်းမဟုတ်ဟု ရှင်းလင်း
DVB
·
June 9, 2018
ဖေ့စ်ဘွတ်ခ်အကောင့်အချို့ ပိတ်သိမ်းခံရမှု ပြန်ကြားရေးဝန်ကြီးဌာန တိုက်တွန်းခြင်းမဟုတ်ဟု ရှင်းလင်း
Donate to DVB

မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်အကောင့်တချို့ ပိတ်သိမ်းခံရတာဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းချက်ကြောင့် မဟုတ်ဘူးလို့ ဝန်ကြီးဌာနက ပြန်ပြီး ဖြေရှင်းပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ အသိအမှတ်ပြုအမှတ်အသားပါတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ အမျိုးသားရေးလှုပ်ရှားတဲ့ ရဟန်းတချို့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်နဲ့  သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာတာပါ။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ ဒုတိယအကြီးအကဲ Mr. Simon Milner နဲ့အဖွဲ့တို့ဟာ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒါဟာလည်း  ဖေ့စ်ဘွတ်ခ်ရဲ့ မေတ္တာရပ်ခံချက်အရ လက်ခံတွေ့ဆုံတာလို့ ဆိုပါတယ်။

ဒီတွေ့ဆုံခဲ့တဲ့ အခြေအနေကို နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယို၊ သတင်းစာတွေ၊ ပြန်ကြားရေးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေက ဖော်ပြပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဖေ့စ်ဘွတ်ခ်တို့ တွေ့ဆုံတဲ့ သတင်းကို  Excellent news agency Facebook က Facebook မဟုတ်မမှန် ချဲ့ကားပြီး လုပ်ကြံသတင်းအဖြစ် ရေးသားထားတာကို တွေ့ရလို့ ရှင်းလင်းဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ၊ တုံ့ပြန်ဖြေရှင်းတာ မလုပ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးက ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တာကြောင့် ကြမ်းတမ်းရိုင်းပျတဲ့ ရေးသားပြောဆိုတာတွေ၊ အမုန်းစကား ရေးသားဖြန့်ဝေတာတွေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်တဲ့ လှုံ့ဆော်ရေးသားတာတွေကို ထိန်းကျောင်း ဆောင်ရွက်ပေးဖို့၊  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စောင့်ကြည့်ထိန်းကျောင်းရာမှာ အခြေအနေမှန်တွေ သိရှိနိုင်စေရေးနဲ့ ရေးသားပြောဆိုတဲ့ အကြောင်းအရာတွေကို အကောင်း၊ အဆိုး မှန်မှန်ကန်ကန် ခွဲခြားဆောင်ရွက်နိုင်စေရေးအတွက် မြန်မာစကားကောင်းကောင်း တတ်ကျွမ်းသူတွေကို ခန့်ထားဖို့လည်း အကြံပြုဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူလတာဝန်တွေမှာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြတာတွေကို စောင့်ကြည့်လေ့လာတာ၊ ထိန်းသိမ်းကြပ်မတ်တာနဲ့ တားဆီးပိတ်ပင်တာတို့ မပါသလို ဆောင်ရွက်နေတာလည်း မရှိဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013